သေဒဏ်ပြစ်မူများမှလွဲ၍ အခြားပြစ်မူများကို ငွေကြေးအခက်အခဲဖြစ်သူများအတွက် အခမဲ့ရှေ့နေလိုက်ပေးမည်

သေဒဏ်ပြစ်မူများမှလွဲ၍ အခြားပြစ်မူများကို ငွေကြေးအခက်အခဲဖြစ်သူများအတွက် အခမဲ့ရှေ့နေလိုက်ပေးမည်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ အောက်တိုဘာလ ၁၉။         ။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၄၅ မြို့နယ်မှ ဆင်းရဲသားပြည်သူများအတွက် သေဒဏ်ပြစ်မူများမှလွဲ၍ အခြားပြစ်မှုများကို အခမဲ့ရှေ့နေလိုက်ပေးပြီး ကူညီပေးသွားမည်ဟု တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးထွန်းရီ ကမဇ္စျိမသတင်းဌာန ကိုပြောသည်။

" သေဒဏ်ထိုက်တဲ့ ပြစ်မှုမှအပကျန်တဲ့အမှုတွေအကုန်လုံး ကို ဆင်းရဲသားတွေအတွက်လိုက်တယ်။ ဆင်းရဲသားအပြင် ဘယ်သူတွေလိုက်ပေးသေးလဲဆိုရင်ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို ၊ HIV ရောဂါရှိနေတဲ့ပုဂ္ဂိုလ် ၊ကူးဆက်မြန်ရောဂါရှိသူတွေကို အကူညီပေးပါတယ်" ဟု ဦးထွန်းရီ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ ဆိုင်းဘုတ်တင်ခြင်း နှင့် ရုံးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" ဒီအဖွဲ့ကျတော့ နစ်နာတဲ့လူတွေအတွက် နီးစပ်ပါတယ်။ နစ်နာတဲ့ပြည်သူ၊ တရားလို၊နိုင်ငံတော် အတွက်လိုက်တာပါ။ အဲလိုလိုက်ရင်းနဲ့ နစ်နာပြီး ရှေနေ့မဌားနိုင်တဲ့ သေဒဏ်ကျခံခြင်းမဟုတ်တဲ့
တရားခံတွေလည်းရှိလာမယ်။ အဲလိုရှိလာတဲ့လူတွေအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့အခါ ဒါက အများပြည်သူအတွက် ပိုမိုပြီးတော့ ဥပဒေနဲ့အညီဖြစ်မဲ့ အခွင့်အရေးတွေရရှိ ဖို့အတွက် ပိုကောင်းတဲ့
အလားလာဖြစ်ပါတယ်။ နိုင်ငံတော်ချမ်းသာလာတဲ့အမျှ ဒီ့ပြင်နိုင်ငံတွေနဲ့ တန်းတူပဲ ဆင်းရဲရင်ငါတို့ က ရှေ့နေမငှားနိုင်တော့ရင် ငါ့တို့အတွက် ဥပဒေနဲ့ညီတဲ့အခွင့်အရေး ရပါမလားဆိုတဲ့ သံသယစိတ်
ပယ်ဖျောက်နိုင်ပါတယ်။ ပြည်သူတွေ စိတ်လုံခြုံပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး မှ ဥပဒေချုပ် ဖြစ်သော ဒေါ်ခင်မျိုးကြည်ကမဇ္စျိမသတင်းဌာန ကိုပြောသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ၊ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ၊ လွှတ်တော်ကိုယ် စားလှယ်များသက်ဆိုင်ရာရှေ့နေအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဥပဒေဆိုင်ရာ အထောက်အကူ ပြုရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ရန်ကုန်တိုင်းတရားလွှတ်တော် တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဝန်ထမ်း ၁၆ ဦးဖြင့် မဟာဗန္ဓုလ ပန်းခြံလမ်း၌ ရုံးခန်းအသစ်အဖြစ် ပြောင်း‌ရွှေ့ခဲ့ကြောင်း လက်ရှိအချိန်အထိ အမှုတွဲပေါင်း ၆၀ ခန့်ကို လိုက်ပါဆောင်ရွက်ပြီးထားကြောင်း သိရှိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required