Egypt International 2019 ပြိုင်ပွဲတွင် သက်ထားသူဇာ နိုင်ပွဲစတင်ရရှိ

Egypt International 2019 ပြိုင်ပွဲတွင် သက်ထားသူဇာ နိုင်ပွဲစတင်ရရှိ
ဓာတ်ပုံ - သက်ထားသူဇာ

ရန်ကုန်၊ အောက်တိုဘာ ၁၈ ။             ။ မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Egypt International 2019 ပြိုင်ပွဲတွင် အိမ်ရှင် အီဂျစ်နိုင်ငံသား Jana HESHAM MOHAMED ABDELKADER ကိုနှစ်ပွဲဆက်ဖြင့် နိုင်ပွဲစတင်ရရှိခဲ့သည်။

သက်ထားသူဇာသည် အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိကျင်းပမည့် Egypt International 2019 ပြိုင်ပွဲကို ဒုတိယအကြိမ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ကစားချိန် မိနစ် ၂၀ ကြာမြင့်ခဲ့သည့် တစ်ယောက်ချင်းယှဉ်ပြိုင်ရသည့် ပထမအဆင့်ပြိုင်ပွဲတွင် အိမ်ရှင် အီဂျစ်နိုင်ငံသား Jana Hesham Mohamed Abdelkader ကို ၃ပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ပွဲဆက်၂၁-၄ ၊ ၂၁-၇ ဖြင့် အမှတ်အပြတ် အသာဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ဒုတိအဆင့်ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၁၆၀ အဆင့်ရှိသည့် အိမ်ရှင်အီဂျစ် နိုင်ငံသား Jana Hesham Mohamed Abdelkader ကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၆၅ အဆင့်ရှိသည့် သက်ထားသူဇာအနေဖြင့် သက်တောင့် သက်သာ ဖြင့်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခန့်တွင် အိန္ဒိယ ကစားသမား Ritika Thaker နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သက်ထားသူဇာသည် သူ့၏ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Egypt International 2018 ပြိုင်ပွဲကို ၂၀၁၈ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုရရှိခဲ့သည်။ ယခုနှစ်တွင်လည်း ချန်ပီယံဆုရရှိအောင် ကြိုးစားသွားမည်ဟု သက်ထားသူဇာက ပရိသတ်ကို အသိပေးထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly