မန္တလေးကျွဲဆည်ကန် ကားကြီးကွင်း မကြာခင်ပြောင်းရွှေ့မည်

17 October 2019
မန္တလေးကျွဲဆည်ကန် ကားကြီးကွင်း မကြာခင်ပြောင်းရွှေ့မည်

မန္တလေးကျွဲဆည်ကန် ကားကြီးကွင်း မကြာခင်ပြောင်းရွှေ့မည်
*****************************
မန္တလေးမြို့ရှိ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်ကားကြီးကွင်း) ရွှေ့ပြောင်းရန်အတွက် ယာယီ ကားကြီးကွင်းတည်ဆောက်နေမှုမှာ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ မကြာခင် ရွှေ့ပြောင်းမှုများ ပြုလုပ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က မဇ္ဈိမကိုပြောသည်။

"ချမ်းမြရွှေပြည် (ကျွဲဆည်ကန် ကားကြီးကွင်း) မကြာခင်ရွှေ့ပြောင်းဖို့ရှိပါတယ်။အခုယာယီ ကားကြီး ကွင်း တည်ဆောက်နေတာဆိုရင် အခု ၉၅ ရာခိုင်နှုန်းကျော်ပြီးသွားပါပြီ။ ကျန်တဲ့အချက်အလက်တွေ ကိုလည်း လိုအပ်ချက်လေးတွေကို ကျွန်တော်တို့ ကွင်းဆင်စစ်ဆေးပြီးတော့ ညွှန်ကြားဆောင်ရွက် နေပါတယ်။ အဲဒီတော့ ဒီလထဲမှာပဲ ကျွဲဆည်ကန် ယာယီကားကြီးကွင်းက တည်ဆောက်မှုက လုံးဝ ပြီးစီးသွားမှာပဲ ဖြစ်ပါတယ်။"ဟု ဦးရဲမွန်ကပြောသည်။

ကျွဲဆည်ကန်ကားကြီးကွင်းမှ ယာယီကားကွင်းသို့ ရွှေ့ပြောင်းရန် ဂိတ်ခန်းပိုင်ရှင်များ ကားလိုင်း အသင်းများ ယာဉ်ပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုမှာလည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီဟု သိရသည်။
ရိုက်ကူး- အောင်ကိုဉီး
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/61544

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly