အဓိကကျတဲ့ ဆီးရီးယား နယ်စပ်မြို့ကို တူရကီ ဗုံးကြဲတိုက်ခိုက်

အဓိကကျတဲ့ ဆီးရီးယား နယ်စပ်မြို့ကို တူရကီ ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ ၁၇ ။          ။ အရေးပါတဲ့ ဆီးရီးယား နယ်စပ်မြို့ Ras al-Ain ကို အောက်တိုဘာ ၁၇ ရက်က တူရကီတပ်ဖွဲ့ဝင်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရှိန်ရလာနေလျက် ရှိကြောင်း စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ယင်းမြို့မှာတော့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေဟာ တူရကီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို အပြင်းအထန် ခုခံကာကွယ်နေတယ်လို့လည်း သိရပါတယ်။

“ ဒီ ပြီးခဲ့တဲ့ သုံးရက်အတွင်း ဒီမြို့မှာ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်” လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ တူရကီ စစ်တပ်နဲ့ လေကြောင်းတပ်ဖွဲ့တို့ဘက်က အင်အား အသာစီးရနေခဲ့ပြီးနောက် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF က ကာ့ဒ်တပ်ဖွဲ့ဝင်တွေကတော့ ယင်း နယ်စပ်တစ်လျှောက်မှာ အလျင်အမြန် အရေးနိမ့်လာနေတယ်လို့လည်း သိရပါတယ်။

တူရကီတို့ဘက်ကတော့ ယင်း ဆီးရီးယားနယ်စပ်မှာ ကာ့ဒ်တွေကို တိုက်ထုတ်ပြီး တူရကီမြေပေါ်မှာ နေထိုင်နေလျက်ရှိတဲ့ ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်းလောက်အတွက် ပြန်လည်နေရာချထားရေးဇုန်တစ်ခု ထူထောင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required