လူသိများတဲ့ ဟောင်ကောင် ဆန္ဒပြခေါင်းဆောင် တိုက်ခိုက်ခံရ၍ ဆေးရုံတင်ခဲ့ရ

လူသိများတဲ့ ဟောင်ကောင် ဆန္ဒပြခေါင်းဆောင် တိုက်ခိုက်ခံရ၍ ဆေးရုံတင်ခဲ့ရ

အောက်တိုဘာ ၁၇ ။            ။ ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြအစုအဖွဲ့ကြီးတွေအနက် တစ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ ဂျင်မီ ရှမ်း တိုက်ခိုက်ခံရပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပါတယ်။

ဟောင်ကောင် အရပ်ဘက် လူ့အခွင့်အရေး တပ်ဦး CHRF အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျင်မီ ရှမ်း အောက်တိုဘာ ၁၆ ရက်က ဟောင်ကောင်လမ်းတစ်ခုပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ယမန်နေ့က ပါလီမန်မှာ အမတ်တစ်ချို့ရဲ့ နှောင့်ယှက်ဟန့်တားမှုကြောင့် ဟောင်ကောင်ခေါင်းဆောင်ရဲ့ အရေးကြီး မိန့်ခွန်းပြောဆိုမှု တစ်ဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းလိုက်ရပြီးနောက် နာရီပိုင်းအကြာမှာ ခုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

လူသိများတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဂျင်မီ ရှမ်းကတော့ နောက်ထပ် လူထုချီတက်ပွဲတစ်ခုအတွက် ဦးဆောင်စီစဉ်မှုတွေ လုပ်နေခဲ့ပြီးနောက် ခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

၎င်းကိုတော့ အစိုးရ သစ္စာခံသူတွေလို့ ယူဆရသူတွေက တိုက်ခိုက်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဟောင်ကောင်မှာတော့ ဒီမိုကရေစီ လိုလားတဲ့ ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အရှိန်လျော့ကျသွားခြင်း မရှိသေးဘဲဖြစ်နေပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags