တရုတ်တို့ တည်ဆောက်ပေးထားပြီး ဘယ်ကိုမှ မရောက်ဘဲ တိုးလိုးတန်းလန်းဖြစ်နေတဲ့ ရထားလမ်း ကင်ညာမှာ ဖွင့်လှစ်

တရုတ်တို့ တည်ဆောက်ပေးထားပြီး ဘယ်ကိုမှ မရောက်ဘဲ တိုးလိုးတန်းလန်းဖြစ်နေတဲ့ ရထားလမ်း ကင်ညာမှာ ဖွင့်လှစ်
  Incomplete rail tracks for the Standard Gauge Railway (SGR) line lay on the ground near Duka Moja, Kenya. Photographer: Luis Tato/Bloomberg

အောက်တိုဘာ ၁၈။           ။ တရုတ်တို့ ချေးငွေအကူအညီနဲ့ ဖောက်လုပ်ထားတဲ့ မီးရထားလမ်းသစ်တစ်ခုကို ကင်ညာတို့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံမှာ အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ့် ကင်ညာအစိုးရရဲ့ အစီအစဉ် တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။ ကင်ညာအစိုးရကတော့ နိုင်ငံတွင်းက လမ်းတွေကို အဆင့်မြှင့်တင်ဖို့အတွက် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ (ရှီလင် ၄၀၀ ဘီလီယံ) ခန့် ရရှိဖို့ ကြိုးပမ်းနေလျက် ရှိပါတယ်။

မြို့တော် နိုင်ရိုဘီရဲ့ အနောက်ဘက် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) အကွာက ကျေးရွာတစ်ခုမှာ အဆုံးသတ်နေတဲ့ ယင်း ရထားလမ်းပိုင်းကတော့ ဆိပ်ကမ်းမြို့ မွမ်ဘာဆာကနေ ယူဂန်ဒါ နယ်စပ်အထိ ဆက်သွယ်မယ့် ရထားလမ်း ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကတော့ တစ်ဝက်တစ်ပျက်သာ ဖောက်လုပ်ပြီးစီးသေးပြီး လက်ရှိမှာ တိုးလိုးတန်းလန်း ရပ်ဆိုင်းထားရပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဘက်ကလည်း ယင်းပရောဂျက်ရဲ့ အလားအလာအပေါ် စိုးရိမ်မှုတွေ တိုးလာနေပြီး ယခုနှစ်စပိုင်းကစလို့ ယင်းစီမံကိန်းအတွက် ဘဏ္ဍာငွေထောက်ပံ့မှုကို ရပ်ဆိုင်းထားလိုက်ပြီးနောက် ယင်း မီးရထားလမ်း စီမံကိန်းရဲ့ အလားအလာဟာ မရေမရာမှုတွေ စဖြစ်လာခဲ့ပါတယ်။

ရထားလမ်းရဲ့ အပိုင်းသစ်နဲ့ အနီးအနားမှာ တည်ဆောက်နေတဲ့ ကုန်းတွင်း ကွန်တိန်နာ ဝင်းတစ်ခု တို့ကတော့ နိုင်ဗာရှာမြို့မှာ အထူးစီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ဖို့အတွက် စတင်အသက်သွင်းမှုဖြစ်ကြောင်း ကင်ညာသမ္မတ အူဟူရူ ကင်ညက်တာ က ပြောပါတယ်။

ပရောဂျက်တွေအတွက် ရင်းနှီးမြှုပ်နှံသူတွေဆီကနဲ့ တိုင်းပြည်ဘဏ္ဍာထဲကနေ အရင်းအမြစ်တွေ စိုက်ထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လမ်းတွေအတွက် ငွေကြေးမတည်စိုက်ထုတ်ဖို့အတွက်ကိုတော့ ကင်ညာအစိုးရအနေနဲ့ ဟာကွက်ကို ဖြည့်စွက်ပေါင်းကူးဖို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုအသစ်တွေကို လုပ်ဆောင်ဖို့ ချိန်ဆနေပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required