ကက်ရှ်မီးယားမှာ တိုက်ခိုက်မှုတွေဖြစ်ပြီး သုံးဦး သေဆုံး

ကက်ရှ်မီးယားမှာ တိုက်ခိုက်မှုတွေဖြစ်ပြီး သုံးဦး သေဆုံး

ကက်ရှ်မီးယား၊ အောက်တိုဘာ ၁၈ ။         ။ ကက်ရှ်မီးယား သောင်းကျန်းသူတွေရဲ့ စစ်ဆင်မှု ဖြစ်နိုင်တဲ့ တိုက်ခိုက်မှုတွေ နှစ်ရက်တာ ဖြစ်ပွားရာမှာ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားမှာ လူ သုံးဦး သေဆုံးပါတယ်။

အိန္ဒိယအစိုးရရဲ့ သြဂုတ်လအတွင်းက ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်ပြီးနောက်မှာ လက်တုံ့ပြန်မှုအနေနဲ့ အရပ်သားမဟုတ်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ဖြစ်ပွားတဲ့ ပထမဆုံး တိုက်ခိုက်မှုမှာ လူနှစ်ဦး သေဆုံးတာ ဖြစ်ပါတယ်။

ရာဂျစ်စတန်ဒေသမှာ စစ်သွေးကြွတွေက ထရပ်ကားဒရိုင်ဘာတစ်ဦးကို ပစ်သတ်ခဲ့တာလို့ ကက်ရှ်မီးယားရဲဌာန တာဝန်ရှိသူ မူနေးခန်းက ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုမှာ စစ်သွေးကြွတွေက ထရပ်ကားကို မီးတင်ရှို့ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ အုတ်ခဲထုတ်လုပ်ရာ လုပ်ငန်းက အလုပ်သမားတစ်ဦးကို လမ်းပေါ်မှာတင် ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ သစ်သီးဝလံ အရောင်းစျေးသည်တစ်ဦးကို ပစ်သတ်တာဖြစ်တယ်လို့ မူနေးခန်းက ပြောပါတယ်။

သြဂုတ်လအတွင်းက အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး ၎င်းရဲ့ ဖွဲ့စည်းပုံအတွင်း ထည့်သွင်းခဲ့ရာကစလို့ မကျေမနပ်မှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့နေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required