ဘရာဇီးမှာ လူနေအဆောက်အအုံ ပြိုကျ၊ ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပျောက်ဆုံးနေ

ဘရာဇီးမှာ လူနေအဆောက်အအုံ ပြိုကျ၊ ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပျောက်ဆုံးနေ

အောက်တိုဘာ ၁၆။            ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ဖော်တယ်လီဇာ မြို့မှာ အောက်တိုဘာ ၁၅ ရက်က ခုနစ်ထပ် အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား ဆယ်ဦး ပျောက်ဆုံးနေလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အပျက်အစီး အစုအပုံတွေအကြား အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ရှာတွေ့ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးပမ်း ရှာဖွေနေကြလျက် ရှိတယ်လို့ သိရပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်း စီရာပြည်နယ်ရဲ့ မြို့တော်က ယင်း အဆောက်အအုံ ပြိုကျမှုမှာတော့ အပျက်အစီးပုံတွေအောက်ကနေ လူ ခုနစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်ထုတ်ထားနိုင်ခဲ့ပါတယ်။

အစုအပုံတွေအောက်မှာ ပိတ်မိနေတဲ့ လူနှစ်ဦးကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးပမ်းနေလျက်ရှိပါတယ်။

ယင်းဖြစ်စဉ်မှာ လက်ရှိအချိန်ထိ လူဆယ်ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း ဆွေမျိုးသားချင်းတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ယင်းနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲလောက်မှာဖြစ်ခဲ့တဲ့ ယင်း အထပ်မြင့် အဆောက်အအုံပြိုကျမှု ဘာကြောင့် ဖြစ်ပွားရသလဲ ဆိုတာရဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required