ဧရာဝတီတိုင်းဒေသကြီးတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသူ ၁၃၃ဦးရှိခဲ့

15 October 2019
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသူ ၁၃၃ဦးရှိခဲ့

၂၀၁၉ခုနှစ် စက်တင်ဘာလကုန်အထိ ဧရာဝတီတိုင်းဒေသကြီးတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသူ ၁၃၃ဦးရှိခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောသည်။ “တချို့က စိတ်ရောဂါရှိလို ကိုယ့်ကိုယ်ကိုယ် သတ်သေတာရှိတယ်။ တချို့ကျတော့လည်း အရက်ကြောင် ကြောင်ပြီး သတ်သေတာရှိတယ်။ တချို့ကျစီးပွားရေးအဆင်မပြေမှုအပေါ်မှာ မဖြေရှင်းနိုင်လို့ ကိုယ့်ကိုယ် ကိုယ်သတ်သေတာတွေရှိတယ်။ တချို့လည်း လူမှုရေးအခက်အခဲတွေရှိပြီး စိတ်ကျပြီး ကိုယ်ကို သေကြောင်း ကြံစည်တာတွေရှိတယ်”ဟု ဒုတိယရဲမှူးကြီးထွန်းရွှေကပြောသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်ဖြစ်ပေါ်ခဲ့သော ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများမှာ ၂၀၁၇ခုနှစ်၌ ၁၉၉မှု၊ ၂၀၁၈ခုနှစ်တွင် ၁၇၉မှု၊ ၂၀၁၉ခုနှစ်တွင် စက်တင်ဘာလကုန်အထိ ၁၃၃မှုရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required