နေပြည်တော်မြို့မဈေး ဆိုင်ခန်းမီးလောင်မှု ကျပ် ၁၅သိန်းခန့် ဆုံရှုံး

15 October 2019
နေပြည်တော်မြို့မဈေး ဆိုင်ခန်းမီးလောင်မှု ကျပ် ၁၅သိန်းခန့် ဆုံရှုံး

#MizzimaTV

နေပြည်တော်၏ အဓိကဈေးကြီးတစ်ခုဖြစ်တဲ့ မြို့မဈေးမှာ အောက်တိုဘာလ ၁၄ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၅သိန်းခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ မြို့မဈေး အနောက်မြောက်ထောင့်ရှိ သူ့ထက် နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်အတွင်း မီးဖြတ်စက် အပူလွန်ကဲရာမှ ည ၉နာရီ ၄၅မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုဟာ ည ၁၀နာရီ ၂၂မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ထက် နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်ရဲ့ တာဝန်ခံကို မီးပေါ့ဆစွာ အသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ရိုက်ကူးတည်းဖြတ် - မင်းမင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required