တရုတ်ကို အပြစ်ပေးရန် ဟောင်ကောင်ဆန္ဒပြသူတွေက အမေရိကန်ထံ တောင်းဆို

တရုတ်ကို အပြစ်ပေးရန် ဟောင်ကောင်ဆန္ဒပြသူတွေက အမေရိကန်ထံ တောင်းဆို

ဟောင်ကောင်၊ အောက်တိုဘာ ၁၅။         ။ လွတ်လပ်ခွင့်တွေကို ချိုးနှိမ်နေတာအတွက် တရုတ်နိုင်ငံကို အပြစ်ပေးရန် ဟောင်ကောင်ဆန္ဒပြသူတွေက အမေရိကန်ထံ တောင်းဆိုကြပါတယ်။

ဆန္ဒပြမှုတွေနဲ့ လှုပ်ခါနေတဲ့ ဟောင်ကောင်မှာ တနင်္လာနေ့က လူထောင်သောင်းများစွာဟာ အမေရိကန်အလံတွေကို ဝှေ့ယမ်းပြီး လမ်းတွေပေါ် စုရုံးဆန္ဒပြကြပါတယ်။

ဟောင်ကောင်ဟာ ရဲလက်အောက်က ဒေသဖြစ်လာနေပြီလို့ အမေရိကန်လွှတ်တော်အမတ် ဂျို့ဟောလေးက သတိပေးပြောဆိုလိုက်တာကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အခြေအမြစ်မရှိတဲ့ ပြောဆိုချက်လို့ ပြစ်တင်ထားပါတယ်။

ဆူပူအကြမ်းဖက်မှုတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အဆင့် ရောက်နေပြီလို့ တာဝန်ရှိသူတွေက သတိပေးထားတဲ့ကြား ရဲနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားပေါ်ပေါက်နေပြီး နိုင်ငံတကာစီးပွားရေး အချက်အခြာ ဟောင်ကောင်ဟာ အခြေအနေ ပိုပြင်းထန်ဆိုးဝါးလာနေပါတယ်။

ဟောင်ကောင်နဲ့ ဆက်ဆံရေးကို သိသိသာသာ အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်တဲ့ အမေရိကန် ဥပဒေကြမ်းတစ်ရပ်ကို ထောက်ခံပြီး တနင်္လာနေ့ညက ဟောင်ကောင်ရဲ့ အချက်အခြာနေရာတွေမှာ ဆန္ဒပြသူတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

ဒီ သီတင်းပတ်အစောပိုင်းမှာပဲ အမေရိကန် အောက်လွှတ်တော်မှာ ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို ဆွေးနွေးမဲပေးဖို့ ရှိနေပါတယ်။

ဒီ ဥပဒေဟာ ဟောင်ကောင်နဲ့ အထူးကုန်သွယ်ရေးကို နှစ်ပတ်လည် ပြန်လည်သုံးသပ်မှာ ဖြစ်သလို တရုတ်တာဝန်ရှိသူအချို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်နိုင်ဖွယ် ရှိတဲ့ ဥပဒေကြမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ဖြိုခွဲမယ့် အရာမှန်သမျှကို ချိုးဖဲ့နှိမ်နင်းပစ်မှာ ဖြစ်ကြောင်း သတိပေးပြောဆိုထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required