မြစ်သားမြို့တွင် ဒုတိယအကြိမ်မြောက် ကဗျာ မီးပုံးပွဲတော် ပြုလုပ်

မြစ်သားမြို့တွင် ဒုတိယအကြိမ်မြောက် ကဗျာ မီးပုံးပွဲတော် ပြုလုပ်

မန္တလေး၊ အောက်တိုဘာ၁၄။           ။ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ရှိ ပန်းသီတာဥယျာဉ်တွင် ဒုတိယအကြိမ်မြောက် ကဗျာ မီးပုံးပွဲတော်ကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ကာ (ယနေ့) အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာမီးပုံးပွဲတွင် ကဗျာဆရာ ၂၀၀ ကျော်၏ ကဗျာများကို မီးပုံးများပေါ်၌ ရေးသားချိတ်ဆွဲ ပြသထားသည်။

"ကဗျာအပေါ်ချစ်စိတ်တစ်ခုထဲနဲ့လုပ်ဖြစ်တာပါ။မနှစ်ကကျတော့ မီးပုံးဆိုတဲ့ခေါင်းစဉ်အောက်မှာလုပ်တဲ့အခါကျတော့ ကဗျာဆရာတွေထဲက တောင်းလည်းတောင်းတယ်။ ရှာလည်းရှာတယ်။ ဒီနှစ်ကျတော့ ဘယ်သူ့ဆီကမှ မတောင်း ပါဘူး။ စာအုပ်တွေထဲကရှာတယ်။ သူတို့ ဖေ့ဘုတ်ထဲကရှာတယ်။ အချစ်ကဗျာလေးတွေပဲ ရွေးချယ်ဖြစ်တယ်။ ဒါပျော်ပွဲရွှင်ပွဲဆိုတော့ လူငယ်လေးတွေလာတာများတယ်။ ဒီနှစ် အချစ်ကဗျာလေးတွေ လုပ်ထားတော့ လူငယ်လေးတွေက ပိုပြီး စိတ်ဝင်စားကြတယ်။"ဟု ပွဲစီစဉ်သူ ကဗျာဆရာမ ခင့်မို့ခင်ကပြောသည်။

အဆိုပါ မီးပုံးပွဲတွင် မီးပုံးတစ်လုံးလျှင် ကဗျာဆရာလေးဦး၏ကဗျာများဖြင့် အလှဆင်ထားပြီး မီးပုံးရေအလုံး ၅၀ကျော်ကို အလှဆင်ချိတ်ဆွဲထားကြောင်း ထို့အပြင်" MP TEN Music Band"အဖွဲ့မှ တေးဂီတတို့ဖြင့် တီးခတ်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကဗျာတွေကို လူတွေတန်ဖိုးထားကြစေချင်တယ်။ကိုယ့်ကဗျာလေးပါတော့ ခံစားချက်က ကြည်နူးရတာပေါ့။ အခုလိုလုပ်တာလည်း ဒီမှာပဲ ရှိတယ်။"ဟု မန္တလေး ခရေရိပ်ကဗျာဝိုင်းမှ ကဗျာဆရာ ကိုကျော်ကြီးကပြောသည်။

မန္တလေးတွင် မီးပုံးကဗျာပွဲတော်ကို နှစ်စဉ် ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly