ရန်ကုန်မြို့ရှိ အများပြည်သူအပန်းဖြေနေရာများတွင် Free Wifi (အခမဲ့သုံး)စနစ်တပ်ဆင်နိုင်ရေး အစိုးရသို့ တင်ပြ

ရန်ကုန်မြို့ရှိ အများပြည်သူအပန်းဖြေနေရာများတွင် Free Wifi (အခမဲ့သုံး)စနစ်တပ်ဆင်နိုင်ရေး အစိုးရသို့ တင်ပြ

ရန်ကုန်။ ။အောက်တိုဘာ ၁၄။                   ။ ရန်ကုန်မြို့ရှိ အများပြည်သူအပန်းဖြေနေရာများတွင် Free Wifi (အခမဲ့သုံး)စနစ်တပ်ဆင်နိုင်ရန် လိုင်စင်ရ ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့်Mytel မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့တင်ပြ ထားကြောင်းသိရသည်။

အများပြည်သူအပန်းဖြေနေရာတွေဖြစ်သော မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ သုဝဏ္ဏ ပန်းခြံ၊ Sule Square နှင့် အင်းလျားကန်ဘောင်ကဲ့သို့သော နေရာများတွင် Free Wifi (အခမဲ့သုံး) စနစ် တပ်ဆင်ပေးမည့် အစီအစဉ်များကို တင်ပြထားခြင်းဖြစ်သည်။

" တိုင်းဒေသကြီးအစိုးရအပေါ်မှာမှုတည်တာပေါ့။ ဘုရားဆိုရင်တော့ ဂေါပကနဲ့ ပြောလို့ပြီးတာပေါ့။ တစ်ချို့ နေရာတွေကျတော့လည်း အစိုးရနဲ့ပတ်သက်တဲ့ နေရာတွေရှိတယ်။ ပန်းခြံကိုပေးဖို့ဆိုရင်ကျတော့ ကြိုးတွေ ဘာတွေ ဆွဲဖို့ရှိသေးတယ်။ ဒီကိစ္စတွေကကျတော့ တင်ဒါတွေဘာတွေနဲ့ဆိုတော့ နည်းနည်းစောင့်ရမယ် ထင်တယ်"ဟုဆိုသည်။

ကုမ္ပဏီအနေဖြင့် လက်ရှိတွင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပြင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အစိုးရကျောင်းများတွင်လည်း Free Wifi (အခမဲ့သုံး) စနစ် တပ်ဆင်ပေးခြင်းကို ပြုလုပ်ပေးလျှက်ရှိ ကြောင်းသိရသည်။

"ကောင်းပါတယ်။ ခုလို လူအများအပန်းဖြေတဲ့နေရာတွေမှာ အခမဲ့ပေးတာ။ကျွန်တော်ဆိုလဲ ဘေအရမ်း ကုန်တယ်။  အားလပ်ရက်တွေ အတွက်ဆိုရင် အဆင်ပြေတာပေါ့။ နောက်ပြီးဂိမ်းသမားတွေအတွက်လဲ အဆင်ပြေတယ်လေ"ဟု သန်လျင်မြို့နယ်က ကိုခန့်ကျာ်ဇင်က ဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်း Free Wifi (အခမဲ့သုံး)စနစ်ကို ရွှေတိဂုံဘုရား နှင့် YBS ယာဉ်လိုင်းအချို့ တွင် တပ်ဆင်ထားပြီးဖြစ်သည်။ Mytel ကုမ္ပဏီမှာ မြန်မာနိုင်ငံ၏ဆက်သွယ်ရေး စျေးကွက်ကို နောက်ဆုံးဝင် ရောက်လာသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်ပြီးသုံးစွဲသူ ၁၈သန်းခန့် ရှိကြောင်း သိရသည်။

Mytel ကုမ္ပဏီမှာ ဗီယက်နမ်ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Viettel နှင့် ပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး ယခု နှစ်အကုန်တွင်ကုမ္ပဏီအနေဖြင့် ကွန်ယက်ကို ၂၀ရာခိုင်နှုန်းအထိ ထပ်မံတိုးချဲ့သွားရန် ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly