စနေ၊ တနင်္ဂနွေရန်ကုန်စာအုပ်လမ်း မနှစ်ကထက် အရောင်းအဝယ်ပါးဟုဆို

စနေ၊ တနင်္ဂနွေရန်ကုန်စာအုပ်လမ်း မနှစ်ကထက် အရောင်းအဝယ်ပါးဟုဆို

ရန်ကုန်၊အောက်တိုဘာ၁၃။         ။ ရန်ကုန်မြို့၊သိမ်ဖြူလမ်းတွင်ဖွင့်လှစ်ရောင်းချနေသည့် စနေ၊ တနင်္ဂနွေရန်ကုန်စာအုပ်လမ်းသည် မိုးတွင်းကာလ ဖြစ်ခြင်းနှင့် လူသိနည်းပါးနေခြင်းတို့ကြောင့်ယခင်နှစ်ကထက် ဝယ်ယူသူနည်းပါးသွားကြောင်း စာအုပ်ဆိုင်များ ထံမှ သိရသည်။ "စာအုပ်တန်းကဒီနှစ် အရောင်းအဝယ်သိပ်မကောင်းဘူး။လူသိအောင် လုပ်တာလဲ အားနည်းတယ်။ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ရက်လုံးကလည်းမိုးရွာတယ်။

တစ်ရက်ကို ကျွန်တော်တို့ဆိုင်ဆိုရင် လေးသောင်းခွဲ ငါးသောင်းဖိုး လောက်ပဲရောင်းရတယ်။ဆိုင်ခန်းခနဲ့သယ်ယူပို့ဆောင်စရိတ်နဲ့ဆိုရင် ရူံးတယ်" ဟု ရွှေပေစာအုပ်တိုက်မှ စာရေး ဆရာပီတိ(ပေကြီး)ကဆိုသည်။

စာဖတ်ရှိန်မြှင့်တင်ရန်နှင့်စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရန် ၊စာပေလောကအတွင်း အခွင့်အလမ်းကောင်းများ ရရှိရန်အတွက်ရည်ရွယ်ကာအဆိုပါစာအုပ်လမ်းကိုပြီးခဲ့သည့်အပတ် အောက်တိုဘာလ ၅ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။"အရင်နှစ်တွေကရောင်းရတယ်။ဒီနှစ်သိပ်မရောင်းရဘူး။အဓိက ကြော်ငြာပေါ့၊ သိသူရှိသလို မသိတဲ့သူလည်း ရှိတယ်။အဲဒါကြောင့်လူသိများ ဖို့လိုတယ်" ဟု စောဦးစာပေတိုက်မှ အရောင်းတာဝန်ခံဦးကျော် ဆွေကဆိုသည်။

ရန်ကုန်(စနေ၊တနင်္ဂနွေ)စာအုပ်လမ်းကိုမြန်မာနိုင်ငံစာေပထုတ်ဝေ သူနှင့် ဖြန့်ချီသူများအသင်းက ဦးစီးကျင်းပ ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ပွင့်လင်းရာသီတွင်စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စနေ၊ တနင်္ဂနွေစာအုပ်လမ်း တွင် ဆိုင်ခန်းပေါင်း ၇၇ခန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးပတ်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly