ဧရာဝတီတိုင်းအတွင်း နိုင်၊လွတ်၊လုံ ဥပဒေဖြင့် အမှုဖွင့်မှုများ ပိုများလာကြောင်း သိရ

ဧရာဝတီတိုင်းအတွင်း နိုင်၊လွတ်၊လုံ ဥပဒေဖြင့် အမှုဖွင့်မှုများ ပိုများလာကြောင်း သိရ

အောက်တိုဘာ ၁၃။     ။၂၀၁၉ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်၊လွတ်၊လုံဥပဒေဖြင့် အမှုဖွင့်မှုများပိုများလာကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောသည်။

“နိုင်လွတ်လုံဥပဒေဖြင့် ၂၀၁၇ခုနှစ်တွင် ၁၄မှု၊ ၂၀၁၈ခုနှစ်တွင် ၄၇မှု ၊ ၂၀၁၉ခုနှစ် အောက်တိုဘာလ အထိ အမှုပေါင်း၆၀ ရှိပါတယ်” တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ်တွင် သမ္မတဦးထင်ကျော်လက်ထက်၌ အတည်ပြုခဲ့ပြီး လက်ရှိတွင် အဆိုပါဥပဒေဖြင့် အမှုဖွင့်တရားစွဲမှုများ ခေတ်စားလျက်ရှိကြောင်း သိရသည်။

“တရားစွဲဆိုတဲ့အဖွဲ့အစည်းပေါ့။ ရဲအရာရှိတွေက ဒီအမှုတွေကို ကိုင်တွယ်ပြီးဆောင်ရွက်တဲ့နေရာ မျိုးတွေမှာ မကျွမ်းကျင်တာတွေလည်းပါမယ်။ သူတို့ကိုလည်း အပြစ်ပြောလိုမရပြန်ဘူး။ ဘာကြောင့် လည်းဆိုတော့ဥပဒေနဲ့အညီလာတိုင်တယ်။ အမှုဖွင့်မပေးဘူးဆိုလည်း ဒီဥပဒေမှာ အမှုဖွင့်ခံရတဲ့ ဟာမျိုး သွားတွေ့ရတယ်။

သူလည်း ဖွင့်ပေးလိုက်ရတာတွေများတယ်ပေါ့နော်။ အဲဒီလို ဖွင့်ပေးလိုက်ဦး ရဲကဥပဒေကိုနားမလည်လို့ဖွင့်ပေးလိုက်ဦး ဥပဒေအရာရှိကို အကြံဉာဏ်တောင်းတဲ့အပိုင်းတွေရှိတယ်။ ဥပဒေအရာရှိအကြံဉာဏ်တောင်းတဲ့အခါမှာ ဒါသည့် ဥပဒေအရ တရားစွဲဆိုခွင့်မရှိဘူးဆိုရင်သူတို့ ပြန်ချခွင့်တွေရှိတယ်။ ပြန်လည်စစ်ဆေးခွင့်တွေရှိတယ်။ ရဲက စွဲဆိုလာတဲ့အပေါ်မှာမူတည်ပြီး ဥပဒေ ကတရားစွဲဆိုခွင့်တွေပြန်ချလာတဲ့ဟာတွေဟာ အားနည်းမှုတွေလို့ ကျွန်တော်တို့က သုံးသပ်တွေ့ရှိ ရတယ်။ ဒါကြောင့်လည်းမဖြစ်သင့်တဲ့ဟာတွေ အများကြီးဖြစ်ပေါ်လာတဲ့ အတော်မသတ်နိုင်အောင်ပဲ ဒီပုဒ်မနဲ့တရားစွဲမှုတွေဟာ ကြုံတွေ့နေရတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ထွဋ် ကပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေသည် ၂၀၁၇ ခုနှစ်၊မတ်လ ၈ ရက်နေ့တွင်ပြဌာန်းခဲ့ပြီး ဥပဒေတွင်အခန်း ပေါင်း(၆)ခန်းပါရှိကာ  ပုဒ်မ ပေါင်း(၁၃)ခုပါရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly