မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်က ကျေးလက်ဒေသကို အခြေပြုနေထိုင်ကြတာပါ။ ဒါပေမယ့်လည်း မြို့ပြကို ရွှေ့ပြောင်းလာသူ ဦးရေဟာ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပါတယ်။ ကျေးလက်နဲ့ မြို့ပြ ဖွံ့ဖြိုးမှု နှုန်း ကွာခြားတာကလည်း ပြည်တွင်း ရွှေ့ပြောင်းသွားလာမှုကို ပိုပြီး အားပေးရာရောက်နေသလို ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုကလည်း နေရပ်စွန့်ခွာမှုကို တိုးပွားလာစေတာပဲ ဖြစ်ပါတယ်။ ကျေးလက်ကို စွန့်ခွာပြီး ရန်ကုန်ကို ရွေ့ပြောင်းလာသူအချို့ရဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးအပေါ် ဘာတွေလိုအပ်သလဲဆိုတဲ့ သူတို့ရဲ့အမြင်တွေကို ရှု့စားကြည့်ကြရအောင်ပါ။ ရိုက်ကူးတည်းဖြတ်- စုမြတ်မေဇော်