မြဝတီမြို့သို့ တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉၉၁ဦး ပြန်လည်ဝင်ရောက်

မြဝတီမြို့သို့ တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉၉၁ဦး ပြန်လည်ဝင်ရောက်
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ အောက်တိုဘာ ၁၃။      ။၂၀၁၉ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှ အောက်တိုဘာလ ၁၂ရက်နေ့အတွင်း မြဝတီမြို့သို့ မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများပြန်လည်ဝင်ရောက်လာမှုမှာ ၂၉၉၁ဦးအထိရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများဝင်ရောက်လာမှုသည် အောက်တိုဘာလ ၆ ရက်နေ့တွင် ၅၃၂ ဦးရှိခဲ့ပြီး ကျား ၄၀၀ဦး နှင့် မ ၁၃၂ဦး ပါဝင်ခဲ့ပြီး မော်တော်ယာဉ် ၂၇ စီးဖြင့်ရောက်ရှိလာခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်နေ့တွင် ၄၅၇ ဦးဝင်ရောက်ခဲ့ပြီး ကျား ၂၉၈ဦး မ ၁၅၉ဦးပါဝင်ခဲ့ကာ မော်တော်ယာဉ် ၂၃ စီးဖြင့်ရောက်ရှိလာခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့တွင် မြဝတီမြို့၊ (၁) ရပ်ကွက်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားသို့ ထိုင်း နိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၃၉ ဦးဝင်ရောက်ခဲ့ပြီး ကျား ၄၆၈ဦး မ ၁၇၁ဦး ပါဝင်ခဲ့ကြောင်း အောက်တို ဘာလ ၉ရက်နေ့တွင် ၃၈၁ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ကျား ၂၆၈ဦး မ ၁၁၃ဦး ပါဝင်ခဲ့ကြောင်း သိရသည်။အောက်တို ဘာလ ၁၀ ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၄ ဦးရောက်ရှိခဲ့ပြီး ကျား ၁၀၇ဦး နှင့် မ ၄၇ဦး ပါဝင်ခဲ့ ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၁ ဦးဝင်ရောက်ခဲ့ပြီး ကျား ၃၅၀ဦး၊မ ၇၁ဦး ပါဝင်ခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၇ ဦး၊ကျား ၃၁၉ဦး မ ၈၈ဦးတို့သည် မော်တော်ယာဉ် ၂၁ စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသူများသည် မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံ မှ လဝကအရာရှိ Mr. Somchai Wiromratama ဦးစီးအဖွဲ့နှင့်အတူ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှႀကိဳဆိုလက္ခံစိစစ္ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly