စည်ပင်လေလံ လျာထားချက်ထက် ပိုရခဲ့ဟုဆို

12 October 2019
စည်ပင်လေလံ လျာထားချက်ထက် ပိုရခဲ့ဟုဆို

၂၀၁၉-၂၀၂၀ ဘက်ဂျက်နှစ်အတွက် စည်ပင်သာယာလုပ်ငန်းများမှ လျာထားငွေထက် ပိုမိုရရှိခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။ ၂၀၁၉-၂၀၂၀ စည်ပင်လေလံပွဲသည် ဘက်ဂျက်နှစ်မတိုင်ခင် ကြိုကျင်းပရကြောင်းနှင့် လေလံအောင်ခဲ့သည် လုပ်ငန်းရှင်များက အောက်တိုဘာ ၁ရက်နေ့မှစတင်ပြီး လေလံအောင်လုပ်ငန်းများကို စတင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ “ကျွန်တော်တို့က ဘက်ဂျက်နှစ်မစခင်မှာတင် လေလံရောင်းချခြင်းလုပ်ငန်းတွေကိုအပြီးဆောင်ရွက်ရတယ်၊စည်ပင်သာယာရေးအဖွဲ့ပေါင်း ၃၃ဖွဲ့ လေလံရောင်းချရေးလုပ်ငန်း လျာထားငွေက သိန်းပေါင်း ၇၉၇၅၈.၉၇ ကျပ်လျာထားခဲ့ပါတယ်၊အမှန်တကယ်ရောင်းချပြီးစီးပြီး ရရှိငွေဟာသိန်းပေါင်း ၉၀၁၀၅.၇သိန်းရရှိခဲ့ပြီး၊လျာထားငွေအပေါ်မှာ သိန်းပေါင်း၁၀၃၄၆.၆၀ ပိုမိုရရှိခဲ့ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly