ပြည်သူ့အတွက် ပါတီတည်ထောင်ထားဟု သူရဦးရွှေမန်း ပြော

ပြည်သူ့အတွက် ပါတီတည်ထောင်ထားဟု သူရဦးရွှေမန်း ပြော

အောက်တိုဘာလ ၁၂။       ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခြင်းသည်  ပြည်သူ့အတွက် ပါတီကို တည်ထောင်ထားခြင်း ဖြစ်ကြောင်း  သူရဦးရွှေမန်းက ပြောသည်။

"ကောင်းကျိုးဆောင်ပါတီ ( UBP ) လာပါပြီ။ ပြည်သူအတွက် ဒီပါတီကို တည်ထောင်ထားတာပါ။ နိုင်ငံအတွက် ပါတီကို တည်ထောင်ထားတာပါ။ ပြည်ထောင်စုအကျိုး တိုင်းပြည်အကျိုး၊ နိုင်ငံသားများရဲ့
အကျိုး၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် တက်နိုင်သမျှ မှန်မှန်ကန်ကန် ထိထိရောက်ရောက် နိုးနိုးကြားကြားရှိဖို့ သွားမယ့် ပါတီ ဖြစ်ပါတယ်။"ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင်
ဖြစ်သူ သူရဦးရွှေမန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီလူငယ်တွေ့ဆုံပွဲ ကိုအောက်တို့ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ City Yangon Hotel တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းနှင့် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲအပြီးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပါတီကိုလည်း ကြည့်ပါ။ ပါတီခေါင်းဆောင်ကိုလည်း ကြည့်ပါ။ ထို့နည်းအတူ ရွေးကောက်ယှဉ်ပြိုင်မည့် ရွေးကောက်ကိုယ်စားလှယ်များကိုလည်း ကြည့်ပါ။ ပါတီက ဒီကနေ့အဓိက ရည်မှန်းချက်က ပြည်သူအတွက်
ဖြစ်ပါတယ်။ နိုင်ငံအတွက်ပဲဖြစ်ပါတယ်။"ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်ထိ ကောင်းကျိုးဆာင် ပါတီအနေဖြင့် အန်အယ်လ်ဒီပါတီ၊ ကြံ့ခိုင်ရေးပါတီအပါအဝင် မည်သည့်ပါတီနှင့်မျှ  မဟာမိတ် ပြုလုပ်ထားခြင်းမျိုး မရှိကြောင်းကိုလည်း ဦးရွှေမန်းက ပြောဆိုခဲ့သည်။

ပါတီအတွင်းတွင် လူငယ်များကို နေရာပေးရေးမှာ အဓိက မူဖြစ်ကြောင်းနှင့် အသက် ၃၅ နှစ်အောက် ရှိသူများကို လူငယ်အဖွဲ့အစည်းများအနေဖြင့်  သတ်မှတ်ထားပြီး  ၃၅ နှစ်မှ  ၄၇ နှစ်ကြား လူရွယ်များဟု သတ်မှတ်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required