မူပိုင်ခွင့်ဥပဒေပေါ်ပေါက်လာပါက AIDS ရောဂါကုသသည့် ဆေးဝါးများ စျေးနှုန်းကြီးမြင့်လာနိုင်ခြေရှိ

10 October 2019
မူပိုင်ခွင့်ဥပဒေပေါ်ပေါက်လာပါက AIDS ရောဂါကုသသည့် ဆေးဝါးများ စျေးနှုန်းကြီးမြင့်လာနိုင်ခြေရှိ

မူပိုင်ခွင့်ဥပဒေပေါ်ပေါက်လာပါက HIV/AIDS ဝေဒနာရှင်တွေအတွက် ဆေးဝါးတွေကို ကုမ္မဏီတစ်ခုတည်း ကသာ ရောင်းချနိုင်ပြီး ပြည်တွင်းအခွန်အခတွေနဲ့ စျေးနှုန်းထိန်းချုပ်မှုမရှိနိုင်တာတွေကြောင့် စျေးနှုန်းကြီးမြင့် လာနိုင်ခြေရှိတယ်လို့ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် ဆေးဝါးလက်လှမ်းမှီရရှိရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲက သိရပါတယ်။ HIV ဝေဒနာရှင်တွေဆေးဝါး လွယ်ကူစွာရရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံ HIV နှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ)ကွန်ရက် က ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ HIV ဝေဒနာရှင်တွေ ဆေးဝါးကို အလွယ်တကူရရှိနိုင်ဖို့အတွက် ဖြေလျော့ပေးနိုင်မယ့် နည်းလမ်းတွေကို မြန်မာနိုင်ငံ HIV နှင့်နေထိုင်သူများအသင်း၊ ဆေးဝါးလက်လှမ်းမှီရရှိရေးလူထု ကိုယ်စားပြု အဖွဲ့တွေနဲ့ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ပူးပေါင်းဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ AIDS ရောဂါဝေဒနာရှင် (၂)သိန်းကျော် ရှိနေပြီး ART ဆေးဝါးဖြင့် ဆေးကုသခံယူမှု ရရှိသူ အရေအတွက် တစ်သိန်းခြောက်သောင်း ခန့်ရှိတယ်လို့ သိရပါတယ်။ ရိုက်ကူးတည်းဖြတ်- ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required