မန္တလေးမြို့တွင် မြန်မာ Rottweiler ခွေးအမျိုးအစားပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

မန္တလေးမြို့တွင် မြန်မာ Rottweiler ခွေးအမျိုးအစားပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

မန္တလေး၊ အောက်တိုဘာ ၁၀ ။         ။ " Myanmar Rottweiler Club Sieger Show 2019 "ပွဲကို မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီးရှိ မြင်းစီးကွင်းတွင် အောက်တိုဘာ ၂၀ရက်နေ့၌ ပြုလုပ်သွားမည်ဟု ပြိုင်ပွဲ တာဝန်ခံ ကိုသန့်ဇင်ကျော်ကပြောသည်။

"Rottweierခွေး တွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ နောက်ပြီးခွေးတွေရဲ့ ရုပ်ပိုင်းဆိုင် စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို ပြသတဲ့ပွဲပါ ။ ဒီပွဲမှာ အကဲဖြတ်ပေးမှာကတော့ ထိုင်းနိုင်ငံက ပညာရှင်ပါ။"ဟု ကိုသန့်ဇင်ကျော်ကပြောသည်။

အဆိုပါ ပြပွဲပြိုင်ပွဲတွင် နိုင်ငံတကာ အသိမှတ်ပြု ဒိုင်လူကြီးများက အကဲဖြတ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲဝင် ခွေးအကောင်ရေ ၁၀၀ ခန့်ရှိကာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခွေးများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

"Rottweiler ခွေးအမျိးအစားက အိမ်တွေခြံတွေမှာ လုံခြုံတယ် ။သူ့ကိုမွေးတဲ့ပိုင်ရှင်တွေအေပါ်ကို သစ္စာရှိတယ် ။ များသောအားဖြင့် လူတွေက ဒီခွေးအမျိုးအစားတွေက အန္တရာယ်ဖြစ်မှာစိုးလို့ ကြောက်လို့ သိပ်မွေးကြဘူး။"ဟု Rottweiler ခွေးအမျိုးအစားမွေးသူ ကိုမင်းကျော်စိုးကပြောသည်။

Rottweiler ခွေးအမျိုးအစားသည် ဂျာမနီမျိုးရင်းဖြစ်ပြီး စျေးနှုန်းအနေဖြင့် အနည်းဆုံး ကျပ် ၃ သိန်း မှ အများဆုံး ကျပ်သိန်း ၁၀၀ ကျော်ထိရှိကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ခွေးအမျိုးအစား မွေးသူ ၅၀၀ ကျော်ထိရှိ ကာ ခွေးစျေးကွက်လည်း တွင်ကျယ်လျှက်ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly