တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရရှိဖို့ အတော့်ကို လမ်းကြောင်းဖြောင့်နေလို့ ထရမ့် ပြော

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရရှိဖို့ အတော့်ကို လမ်းကြောင်းဖြောင့်နေလို့ ထရမ့် ပြော

၀ါရှင်တန်၊ အောက်တိုဘာ ၁၀ ။    ။ တရုတ်နိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက် ရရှိဖို့ အတော်လေးကို လမ်းကြောင်းဖြောင့်နေပါတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဝါရှင်တန်ဆီ တရုတ်ကိုယ်စားလှယ်တွေ လာရောက်ပြီး ကုန်သွယ်ရေးဆွေးနွေးဖို့ တစ်ရက်အလိုမှာ ထရမ့်က ပြောလာတာ ဖြစ်ပါတယ်။

“သဘောတူညီချက်တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့က တော်တော်လေး အခြေအနေကောင်းပါတယ်။ ကျွန်တော့် အထင် တရုတ်နိုင်ငံဟာ ကျွန်တော်ထက်တောင် သဘောတူညီချက် ဖော်ဆောင်နိုင်ဖို့ ပိုလိုလားနေတယ် ထင်ပါတယ်။”လို့ ထရမ့်က ပြောပါတယ်။

ဒါအပြင်လည်း အဓိက မေးခွန်းဟာ တရုတ်နဲ့ သဘောတူညီချက်ကို သူ့အနေနဲ့ကော လိုချင်သလားဆိုတဲ့ မေးခွန်းဖြစ်တယ်လို့ ထရမ့်က ပြောရင်း “ဒီ မေးခွန်းအတွက်ဆို လိုချင်တယ်လို့ ဖြေပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ သဘောတူညီချက်တော့ ဖြစ်ရမယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ကို အလွန်လေးစားမှု ရှိတယ်လို့ ထရမ့်က ပြောရင်း ကုန်သွယ်ရေးသဘောတူညီချက် နှစ်နိုင်ငံကြား ရရှိဖို့အရေးမှာ သူနဲ့ သမ္မတ ရှီကျင့်ဖျင်အပေါ်မှာ မှီတည်နေတယ်လို့လည်း ပြောပါတယ်။

ခုလို ရုပ်လုံးပေါ်စပြုလာတဲ့ ကုန်သွယ်ရေးသဘောတူညီမှုအတွက် သူ့အနေနဲ့ အလွန်ကျေနပ်မိကြောင်း၊ တရုတ်ကုန်စည်တွေအပေါ် ဒေါ်လာဘီလီယံများစွာ အခွန်ကောက်ယူတာကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း ထရမ့်က ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required