ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် အီရန်အမျိုးသမီးတွေ ဘောလုံးကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရပြီ

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် အီရန်အမျိုးသမီးတွေ ဘောလုံးကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရပြီ

တီဟီရန်၊ အောက်တိုဘာ ၉ ။       ။ လာမယ့် ကြာသပတေးနေ့မှာဆိုရင် အီရန်နိုင်ငံက အမျိုးသမီးတွေဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် ဘောလုံးကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။

အမျိုးသားတွေချည်းပဲ ဘောလုံးပွဲ ကြည့်ရှုခွင့်ပေးထားတဲ့ ရှေးရိုးစွဲ ပေါ်လစီကြောင့် FIFA ဟာ အီရန်ကို ပွဲပိတ်ပင်မယ်လို့ ခြိမ်းခြောက်ပြီးနောက်မှာ ခုလို သမိုင်းဝင်အလှည့်အပြောင်း ဖြစ်လာခဲ့ရတာပါ။

အီရန်နိုင်ငံဟာ ဘောလုံးကွင်းတွေနဲ့ အခြားအားကစားကွင်းတွေထဲ အမျိုးသမီးတွေကို ဝင်ရောက်ခွင့်ပိတ်ပင်ထားတာဟာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေတာပါ။

ယောက်ကျားထု အများအပြားရှိရာနဲ့ ဒူးတိုပေါင်တို ဝတ်ဆင်ထားတဲ့ ယောက်ကျားတွေကို မမြင်ရအောင် အမျိုးသမီးတွေကို တားမြစ်ထားရမယ်ဆိုတဲ့ ဘာသာရေးဆရာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် အီရန်အမျိုးသမီးတွေဟာ အားကစားကွင်းတွေထဲ ဝင်ခွင့်ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FiFA က အီရန်အနေနဲ့ အမျိုးသမီးတွေကို တင်းကြပ်တားမြစ်ခြင်း မရှိဘဲ ဘောလုံးပွဲတွေ ကြည့်ခွင့်ပေးရမယ်လို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

Blue Girl လို့ အမည်သတ်မှတ်ခေါ်ဝေါ်တဲ့ မိန်းကလေးတစ်ဦး အားကစားပွဲတစ်ပွဲကို ယောက်ကျားလေးလို ဝတ်ဆင်ပြီး ကြည့်ရှုခဲ့တာအတွက် ထောင်ချအပြစ်ပေးခံရမှာကို ကြောက်လန့်ပီး ကိုယ့်ကိုကို မီးရှို့သတ်သေခဲ့မှု ဖြစ်ပြီးနောက်မှာ ခုလို FIFA က ညွှန်ကြားချက်အမိန့်ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly