ဧရာဝတီတိုင်းဒေသကြီးအတွင်း အရက်လိုင်စင်များ ထပ်တိုးချထားပေးခြင်းမရှိ

09 October 2019
ဧရာဝတီတိုင်းဒေသကြီးအတွင်း အရက်လိုင်စင်များ ထပ်တိုးချထားပေးခြင်းမရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း အရက်လိုင်စင်များ ထပ်တိုးချထားပေးခြင်းမရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။ “ဧရာဝတီတိုင်းဒေသကြီးက တိုးမြင့်ချပေးတဲ့အစီအစဉ်မဟုတ်ပါဘူး။ ပြည်ထောင်စုဝန်ကြီးရုံးက သက်ဆိုင်ရာ တိုင်းထွေအုပ်ကိုတိုက်ရိုက်ညွန်ကြားတဲ့စာပါ။ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရကို လာတဲ့စာမဟုတ်ပါဘူး။ စာအကြောင်းအရင်းက ကယားပြည်နယ်က ဖွံဖြိုးတိုးတက်လာနဲ့အညီ သူ့မှာအရက်လိုင်စင်တွေရရှိမှုကနည်းတယ်။ တိုးချပေးဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာနကို တင်တယ်။ တင်တဲ့အခါကျတော့ ပြည်ထောင်စုဝန်ကြီးက ဒီလိုဘဲသူ့မှာဖြစ်ရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်များမှာရှိမလားဆိုပြီး တိုင်းထွေအုပ်ကို တိုက်ရိုက်လာပါတယ်။တိုင်းထွေအုပ်က စိစစ်ပြီး တိုင်းအစိုးရ ကဘိနက်တင်ပြီး ဆုံးဖြတ်ချက်နဲ့တင်ပေးပါဆို့ပြီး လာတာပါ”ဟု ဦးလှမိုးအောင်ကပြောသည်။ လက်ရှိအချိန်အတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အရက်ဆိုင်ပေါင်း ၅၀၀၀ကျော်ရှိကြောင်း သိရသည်။ ရိုက်ကူး-စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required