အကြမ်းဖက်ဆန္ဒပြမှုများ အရှိန်မြင့်လာ၍ အီကွေဒေါအစိုးရ မြို့တော်ကနေ ရှောင်တိမ်းနေရ

အကြမ်းဖက်ဆန္ဒပြမှုများ အရှိန်မြင့်လာ၍ အီကွေဒေါအစိုးရ မြို့တော်ကနေ ရှောင်တိမ်းနေရ

အောက်တိုဘာ ၉ ။       ။ အီကွေဒေါနိုင်ငံမှာ အစိုးရဘက်က လောင်စာဆီ စျေးနှုန်း တိုးမြင့်လိုက်မှုအပေါ် မကျေနပ်ရာမှ စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကတော့ လက်ရှိမှာ ပိုမို အရှိန်မြင့်သထက် မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

ယခုအပတ်အတွင်း အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံတဲ့ ပဋိပက္ခတွေ ပိုမို အရှိန်မြင့်လာခဲ့ပြီးနောက် အကျပ်အတည်းအောက် ရောက်နေခဲ့တဲ့ အီကွေဒေါ အစိုးရအဖွဲ့ဟာလည်း သမ္မတအိမ်တော်ကို စွန့်ခွာပြီး နိုင်ငံတောင်ပိုင်းကို ပြောင်းရွှေ့ ရုံးစိုက်ထားရတယ်လို့ သိရပါတယ်။

မြို့တော် ကွီတိုမှာ အဓိကရုဏ်းတွေ တိုးမြင့်ဖြစ်ပေါ်နေခြင်းနဲ့အတူ သမ္မတ လီနင် မိုရီနို အစိုးရအနေနဲ့ မြို့တော်ရဲ့အနောက်တောင်ဘက် မိုင် ၂၄၀ အကွာမှာ ရှိတဲ့ နိုင်ငံမှာ လူဦးရေ အထူထပ်ဆုံး ဂွာယာကွီးလ် မြို့ကို ရှောင်တိမ်းထွက်ခွာသွားခဲရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက်မှာတော့ ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ ကွန်ဂရက် အဆောက်အအုံကို ချိုးဖောက်ဝင်ရောက်မှုတွေ လုပ်ခဲ့တဲ့အတွက် သမ္မတ မိုရီနိုကလည်း ယင်းနေ့မှာပဲ ညတွင်းချင်း ကာဖျူးအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရပါတယ်။

ခုလို ရက်များစွာကြာ ဆန္ဒပြမှုတွေကြောင့်အဆိုပါ တောင်အမေရိကနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကိုလည်း သုံးပုံ တစ်ပုံလောက် လျော့ကျထားစေခဲ့ကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly