၂၀၃၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါကို အပြီးသတ်တိုက်ဖျက်နိုင်ဖို့ ပံပိုးလုပ်ဆောင်သွားမယ့် အာရှပစိဖိတ်က ကျွမ်းကျင်သူများ

၂၀၃၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါကို အပြီးသတ်တိုက်ဖျက်နိုင်ဖို့ ပံပိုးလုပ်ဆောင်သွားမယ့် အာရှပစိဖိတ်က ကျွမ်းကျင်သူများ

ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆောင်ရွက်ရာမှာ အာရှပစိဖိတ်ဒေသဟာ အောင်မြင်မှုတွေ ရရှိခဲ့ရာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကြီးမှာ ဒေသတွင်းက အစိုးရ အရာရှိတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၃၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါကို အပြီးသတ်တိုက်ဖျက်နိုင်ဖို့ ပံ့ပိုးလုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

အလိုကတိကဝတ်နဲ့ အရင်းအမြစ်အသင်တွေကြောင့် ဒီဒေသတွင်းက ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ၊ ငှက်ဖျားရောဂါကူးစက်ခံရပြီး သေဆုံးမှုတွေ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးကော်မရှင် The Lancet က ပြုလုပ်တဲ့ အစီရင်ခံစာအသစ်တစ်ရပ်အဆိုအရ ၂၀၅၀ ပြည့်နှစ် ရောက်တဲ့အချိန် အခုလိုအောင်မြင်မှုအပေါ်အခြေခံပြီး ကမ္ဘာ့ပေါ်မှာ ဒီရောဂါကို အပြီးတိုင် ပပျောက်အောင် တိုက်ဖျက်နိုင်လိမ့်မယ်လို့ ကမ္ဘာတစ်ဝန်းက ပညာရှင်တွေက ယုံကြည်လျက်ရှိတယ်လို့ ဆိုပါတယ်။

ကောင်မရှင်က ပြလုပ်ထားတဲ့ ဒီအစီရင်ခံစာကို အာရှပစိဖိတ်ဒေသတွင်း မိတ်ဆက်တဲ့ပွဲကို National University of Singapore မှာ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

"ဟိုအရင်က ငှက်ဖျားရောဂါပပျောက်ရေးဆိုတာ အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုဖြစ်ခဲ့ပေမယ့် အခုဆိုရင် ၂၀၅၀ ပြည့်နှစ်လောက်မှာ ငှက်ဖျားရောဂါဆိုတာ လုံးဝပပျောက်သွားနိုင်တယ်ဆိုတဲ့ အထောက်အထားတွေရှိနေပြီဖြစ်ပါတယ်။"လို့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကော်မရှင် The Lancet ရဲ့ ပူးတွဲဥက္ကဋ္ဌနဲ့ ဆန်ဖရန်စစ္စကိုက ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (UCSF) ရဲ့ ဒါရိုက်တာဖြစ်တဲ့ Sir Richard Feachem က ဆိုပါတယ်။

ဒီအစီရင်ခံစာထဲမှာ မှန်ကန်တဲ့ အထောက်အကူတွေ၊ နည်းဗျူဟာတွေ၊ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေရှိမယ်ဆိုရင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို မျိုးဆက်အပိုင်းအခြား တစ်ခုတည်းအတွင်းတောင်ဖြစ်မြောက်ေအာင် ဆောင်ရွက်နိုင်လိမ့်မယ့်အကြောင်း ပြထားတဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ငွေကြေးထောက်ပံ့ရေးဆိုင်ရာ လေ့လာဆန်းစစ်ချက်အသင်းများပါဝင်တဲ့ အထောက်အထားတွေကို ဖော်ပြထားပါတယ်။

ကမ္ဘာ့အချို့သောဒေသတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ တွေ့ရှိနေပေမယ့်လည်း အာရှပစိတ်ဖိတ်ဒေသမှာတော့ တိုးတက်မှုတွေရှိတဲ့ လက္ခဏာတွေ တွေ့ရှိရပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အကြားမှာ အိန္ဒိယနိုင်ငံတစ်ခုတည်းမှာတောင် ရောဂါဖြစ်ပွားမှုအရေအတွက် ၃ မီလီယံ (၂၄ ရာခိုင်နှုန်း)ကျင်းခဲ့တာကို တွေ့ရပါတယ်။

ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံ (၁၁)နိုင်ငံထဲမှာ ရောဂါဖြစ်ပွားမှု ကျင်းဆင်းလာတာကို အစီရင်ခံလာတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

စင်္ကာပူ၊ သီရိလင်္ကာနိုင်ငံတို့မှာ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်ခဲ့ပြီဖြစ်ပြီး တရုတ်၊ မလေးရှားနဲ့ အရှေ့တီမောနိုင်ငံတွေမှာ ဒေသတွင်း ငှက်ဖျားဖြစ်ပွားမှု လုံးဝမရှိတော့သလို ဘူတန်နဲ့ နီပေါတို့မှာ ရောဂါကို အပြီးတိုင် တိုက်ဖျက်နိုင်တော့မယ့် အနေအထားမှာ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်မှာ ထိုင်းနဲ့ ကမ္ဘောဒီယားနိုင်ငံမှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဆေးယဉ်ပါး ငှက်ဖျားရောဂါကို လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်းတွေ့ရှိခဲ့ပါတယ်။

ငှက်ဖျားရောဂါအမြစ်ပျက်တာမရှိသေးခင်အချိန်အထိ ဆေးယဉ်ပါးမှုဟာ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion - GMS)နဲ့ အနီးတဝိုက်မှာ ရောဂါတိုက်ဖျက်နိုင်ရေးအတွက် အရှိန်အဟုတ်မြင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

"ဆေးယဉ်ပါးမှုက ပျံ့နှံ့လာမယ်ဆိုရင် ငှက်ဖျားရောဂါက ပြန်ပြီး ပျံ့နှံ့လာပြီး ရရှိထားပြီးတဲ့ အောင်မြင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှုရှိနိုင်ခြေရှိပါတယ်။"လို့ ကောင်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံရှိ Mahidol Oxford Tropical Medicine Research Unit ရဲ့ ငှက်ဖျားရောဂါသုတေသနဆိုင်ရာ Deputy Director နဲ့ အကြီးအကဲဖြစ်တဲ့ ပါမောက္ခ Arjen Dondorp က ဆိုပါတယ်။

မဟာမဲခေါင်ဒေသခွဲရှိ နိုင်ငံတွေအကြား ရွှေ့ပြောင်းနေထိုင်မှုတွေလည်းရှိနေရာ မြန်မာ့နယ်စပ်ဒေသတွေဟာ ကူးစက်မှုများဖြစ်ပွားနိုင်ခြေရှိတတ်တဲ့အပြင် အထူးသဖြင့် တရုတ်နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံတလျှောက်လူအများ ဝင်ထွက်သွားလာမှုတို့ အများအပြားရှိတဲ့အခြေအနေကြောင့် တခြားနိုင်ငံတွေထံကနေ မြန်မာနိုင်ငံဆီ ငှက်ဖျားရောဂါကူးစက်မှုတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly