၂၀၁၉ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို စကြဝဠာဆိုင်ရာ သုတေသန ပညာရှင် ၃ ဦး ရရှိ

၂၀၁၉ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို စကြဝဠာဆိုင်ရာ သုတေသန ပညာရှင် ၃ ဦး ရရှိ

အောက်တိုဘာ ၉။       ။ အမေရိကန် စကြဝဠာပညာရှင် James Peebles ၊ ဆွစ်ဇာလန် နက္ခတ္တဗေဒပညာရှင်နှစ်ဦးဖြစ်သော Michel Mayor နှင့် Didier Queloz တို့ သုံးဦးဟာ ၂၀၁၉ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို ရရှိသွားကြောင်း သိရပါတယ်။

ဒါဟာ စကြဝဠာ အစုအဝေးထဲမှာ ကျွန်တော်တို့ ကမ္ဘာမြေ တည်ရှိမှု နဲ့ပတ်သက်လို့ ပိုမို နားလည်သိရှိနိုင်အောင် သုတေသန လုပ်ဆောင်နိုင်ခဲ့မှုအတွက် ယခုဆုကို ပူးတွဲရရှိသွားကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

Big Bang နောက်ပိုင်း စကြဝဠာ အစုအဝေး ဘယ်လိုမျိုး ပြောင်းလဲဖြစ်ပေါ်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ လူတွေရဲ့ နားလည်ထားမှုကို Peebles ရဲ့ သီအိုရီ တွေ့ရှိချက်တွေက ကောင်းစွာ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီက အတွင်းရေးမှူးချုပ် ပါမောက္ခ Goran Hansson က ပြောပါတယ်။

ကျန် သိပ္ပံပညာရှင် နှစ်ဦးဖြစ်တဲ့ Mayor နဲ့ Queloz တို့ကတော့ နေလိုမျိုး  ကြယ်တစ်လုံးအနီးက ဂြိုဟ်တစ်လုံးနဲ့ပတ်သက်လို့ ၁၉၉၅ ခုနှစ်က ပထမဆုံး ရှာဖွေတွေ့ရှိခဲ့မှုအတွက် ယခု ဆုကို ပူးတွဲရရှိသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဆုငွေရဲ့ ထက်ဝက်ကိုတော့ Dr Peebles က ရရှိမှာဖြစ်ပြီး ကျန်တစ်ဝက်ကိုတော့ Dr Mayor နဲ့ Dr Queloz တို့က ခွဲဝေရရှိကြမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ပညာရှင် သုံးဦးရဲ့ တွေ့ရှိချက်တွေက ကမ္ဘာမြေနဲ့ပတ်သက်လို့ သိရှိနားလည်ထားခဲ့မှုတွေကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ဆုချီးမြှင့်ရေးအဖွဲ့က ထုတ်ပြန်သွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly