ʻချစ်ခြင်းမေတ္တာနဲ့ မိသားစုပြန်လည်ဆုံးစည်းမှု’ကို ဖော်ဆောင်တဲ့ အိုဗာတင်းမြန်မာရဲ့ သီတင်းကျွတ်ပွဲတော် အထူးအစီအစဉ်များ

ʻချစ်ခြင်းမေတ္တာနဲ့ မိသားစုပြန်လည်ဆုံးစည်းမှု’ကို ဖော်ဆောင်တဲ့ အိုဗာတင်းမြန်မာရဲ့ သီတင်းကျွတ်ပွဲတော် အထူးအစီအစဉ်များ

မြန်မာနိုင်ငံရှိ အိုဗာတင်းအနေနဲ့ ကျရောက်လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ “ချစ်ခြင်းမေတ္တာနဲ့ မိသားစုပြန်လည်စုံစည်းမှု”ကို ဖော်ဆောင်တဲ့ ချစ်စဖွယ် အလေ့အထတစ်ခုကို နှစ်စဉ်ဖော်ဆောင်လာခဲ့ရာမှာတော့ ဒီနှစ်မှာလည်း အရင်နှစ်တွေကလိုပဲ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားပါတော့မယ်။

ဒီနှစ်မှာဆိုရင် အိုဗာတင်းအနေနဲ့ သန်းပေါင်းများစွာတဲ့ စားသုံးသူတွေရဲ့ မိသားစုများကို ပြန်လည်ပေးဆပ်ခြင်းနဲ့ မိသားစု ပြန်လည်ဆုံစည်းခြင်းဆိုတဲ့ အသိပေးမှုဖြင့် ပြုလုပ်သွားမှာဖြစ်တယ်။

ဒါ့အပြင် သီတင်းကျွတ်ကာလအတွင်း မိသားစုနဲ့ အမှတ်တရအချိန်လေးတွေ အတူဖန်တီးနိုင်ဖို့အတွက် "အံ့အားသင့်ပျော်ရွှင်စေမယ့် လက်ဆောင်တွေ"လည်း ပေးအပ်သွားမှာပါ။

Ovaltine Myanmar မှ Marketing Head ဖြစ်သူ Mr Sudeep Chatterjee က “အိုဗာတင်းအနေနဲ့ ဒီလိုထူးခြားတဲ့အချိန်ကာလမှာ “အံ့အားသင့်ပျော်ရွှင်စရာ” campaign တွေကို စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အိုဗာတင်းဟာ မြန်မာမိသားစုတွေအတွက် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ခြင်းကို ဖော်ကျူးတဲ့ အမှတ်တံဆိပ်တစ်ခုပါ။

နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်နဲ့ သူမရဲ့ မိသားစုကနေ အိုဗာတင်းရဲ့ အဓိကရည်ရွယ်ချက် ပိုမိုပေါ်လွင်စေဖို့အတွက် မြန်မာမိသားစုတွေဆီကို “Happy Surprise” အနေနဲ့ ကိုယ်တိုင် သွားရောက်လည်ပတ်မှာလည်းဖြစ်တယ်။

ဒီအစီအစဉ်တွေအပြင် အိုဗာတင်းအနေနဲ့  “ပျော်ရွှင်စရာ သီတင်းကျွတ်မီးပုံးဖန်တီးမှုပြိုင်ပွဲ”ကို ကျောင်းတွေမှာ ပြိုင်ပွဲတွေ ကျင်းပသွားပြီး ဆုငွေတွေ ချီးမြှင့်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလေးငယ်တွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်စေဖို့နဲ့ တန်ဖိုးကြီးမားတဲ့ ယဉ်ကျေးမှုအမွေကို အနာဂတ်မျိုးဆက်သစ်ဆီကို လက်ဆင့်ကမ်းပေးဖို့အတွက် ရည်ရွယ်ကျင်းပရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်တွေကို အသေးစိတ်သိရှိလိုရင် Ovaltine Myanmar ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ ww.facebook.com/OvaltineMM မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly