မလေးရှားနည်းပြသစ်လျာထားစာရင်းတွင် မြန်မာနည်းပြ အေဗရာမိုဗစ် ပါ၀င်နေ

မလေးရှားနည်းပြသစ်လျာထားစာရင်းတွင် မြန်မာနည်းပြ အေဗရာမိုဗစ် ပါ၀င်နေ

အောက်တိုဘာ ၁၆၊ ရန်ကုန် ။       ။ မလေးရှားလက်ရွေးစင်အသင်း နည်းပြရာထူးအတွက် လျာထားစာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်း၏ ဆားဘီးယားလူမျိုးနည်းပြချုပ် အေဗရာမိုဗစ်ပါဝင်နေသည်ဟု စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာတွင်ရေးသားဖော်ပြထားသည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယူအေအီးအသင်းကို ၁၀-၀ ဂိုးဖြင့်ရှုံးပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့သော နည်းပြ ဒိုလက်ဆာလက်ရှ်၏နေရာတွင်အစားထိုးရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်မှ နည်းပြသစ်ရှာဖွေ နေပြီး မြန်မာနည်းပြချုပ် အေဗရာမိုဗစ်၊ မလေးရှားစူပါလိဂ်ကလပ် ဂျိုဟိုးနည်းပြဟောင်း ဘိုဂျန်၊ ကီလန်တန်ဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော အက်စတွန်ဗီလာ ကွင်းလယ်ကစားသမားဟောင်း ဘိုတန် တို့လျာထားစာရင်းတွင်ပါဝင်နေသည်။

လက်ရှိအချိန်တွင် မလေးရှားအသင်းကို ဒီဇင်ဘာလအထိ ယူ-၂၃အသင်းနည်းပြ အွန်ကင်ဆွီး က  ယာယီတာဝန်ယူဆောင်ရွက်နေသည်။ အေဗရာမိုဗစ်မှာ မြန်မာအသင်းနှင့် ၂၀၁၆ ဒီဇင်ဘာလအကုန်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ၎င်းလက်ထက်တွင် နိုင်ငံတကာပွဲ ၂၀၌ ၆ပွဲနိုင်၊ ၄ပွဲသရေ၊ ၁၀ပွဲရှုံးထားကာ ကူဝိတ်ကို စံချိန်တင်သွင်းဂိုး ၉-ဝဂိုးဖြင့် ရှုံးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required