လျှို့ဝှက်ထားသော ပြိုင်ပွဲဝင်နည်းဗျူဟာဖြင့် Christian Lee ကိုအနိုင်ယူမည့် Arslanaliev

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ပြိုင်ပွဲ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကိုယ်ခံပ ညာသိုင်းပေါင်းစုံအားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတွဲဆိုင်းများပါဝင်သော ONE: CENTURY ပြိုင်ပွဲကြီးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၂၂ ဆိုင်းဖြင့်ကျင်းပမည့် အဆိုပါပြိုင်ပွဲအား ONE: CENTURY PART-1 နှင့် ONE: CENTURY PART-2 ဟူ၍ နှစ်ပိုင်းခွဲကျင်း ပသွားမည်ဖြစ်ပြီး ဂျပန်စံတော်ချိန် နံနက် ၉ နာရီအချိန် စတင်ကျင်းပမည့် PART-1 တွင် ONE လိုက်ဝိတ်တန်း ဂရင်းပရီဗိုလ်လုပွဲတွဲဆိုင်း လည်း အပါအဝင်ဖြစ်သည်။

ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် အဆင့်များအားကျော်ဖြတ်ကာ မူလက အဆိုပါဗိုလ်လုပွဲတွဲဆိုင်းတွင် ယှဉ်ပြိုင်မည့်သူများမှာ အမေရိကန် အားကစားသမား Eddie “The Underground King” Alvarez နှင့် တူရကီအားကစားသမား Saygid “Dagi” Guseyn Arslanaliev တို့ ဖြစ်သည်။ သို့သော်လည်း Alvarez မှာ လေ့ကျင့်ရေးပြုလုပ်စဉ် ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် ဗိုလ်လုပွဲနွှဲခွင့်နှင့် လွဲချော်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် Arslanaliev သည် Alvarez နှင့်ယှဉ်ပြိုင်ရန် အကောင်းဆုံးလေ့ကျင့်ခဲ့ပြီးမှ ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက် သွားခဲ့ရသည်ဆိုသောသတင်းကို ကြားသိခဲ့ရပြီးနောက် အလွန်စိတ်ပျက်သွားခဲ့သည်။ ယှဉ်ပြိုင်ရခြင်းမရှိဘဲ ချန်ပီယံခါးပတ်ရရှိမည်ကို မ လိုလားသလို ပြိုင်ဘက်အသစ်တစ်ယောက် အမြန်ဆုံးရှာဖွေနိုင်ပါစေဟုပင် ဆုတောင်းခဲ့ရကြောင်းလည်း အစ္စတန်ဘူလ်မြို့သား ၎င်းက ရှင်းပြသည်။

ONE Championship သည် ဒဏ်ရာရရှိသွားသော Alvarez ၏နေရာတွင် ထိပ်တန်းကစားသမားကောင်းတစ်ယောက်နှင့်အစားထိုးနိုင် ရန်ရှာဖွေခဲ့ရာ နောက်ဆုံး၌ ရှာတွေ့သွားခဲ့သည်။ ထိုသူက အခြားမဟုတ်ဘဲ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသ မား Christian “The Warrior” Lee ပင်ဖြစ်သည်။

ပြိုင်ဘက်ပြောင်းလဲသွားခဲ့ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ယှဉ်ပြိုင်ခွင့်ရခြင်းကိုပင် ဝမ်းသာမိသလို ပြိုင်ပွဲဝင်နည်းဗျူ ဟာကိုမူ ပြောင်းလဲခြင်းမရှိကြောင်း နောက်ဆုံး ၄ ပွဲဆက်တိုက်အနိုင်ရထားသော Arslanaliev က ပြောသည်။

“ကျွန်တော့်ရဲ့မန်နေဂျာက ပြောတယ်။ Alvarez တော့ ဒဏ်ရာကြောင့် မယှဉ်ပြိုင်နိုင်တော့ဘူး။ ONE ကတော့ မင်းနဲ့ထိုးမယ့် ပြိုင်ဘက် အသစ်တစ်ယောက်ကို ရှာနေတယ်။ ကျွန်တော် အရမ်း အံ့အာသင့်သွားသလို စိတ်မကောင်းလည်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ Alvarez နဲ့ယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးကို ပြင်းပြင်းထန်ထန် လုပ်ထားလို့ပါပဲ။ ပထမဆုံး ဒေါသထွက်မိတယ်။ လူစားထိုးနိုင်ပါ့မလားဆိုတာ ကိုလည်း ကျွန်တော် မသိနိုင်ဘူးလေ။ ပွဲမဖြစ်တော့ရင်ဆိုတဲ့အတွေးတွေက ကျွန်တော့်အတွက်တော့ အဆိုးရွားဆုံး အိပ်မက်ဆိုးတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ယှဉ်ပြိုင်မယ့် ကစားသမားတစ်ယောက် အမြန်ဆုံးရှာတွေ့ပါစေလို့လည်း ဆုတောင်းမိတယ်” ဟု Arslanaliev က စိတ်သောကရောက်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။

နောက်ဆုံးတော့ ၎င်း၏ဆုတောင်းပြည့်ဝသွားခဲ့ပြီး Alvarez ၏နေရာတွင် အစားဝင်ကာ ယှဉ်ပြိုင်မည့်သူက ကိုယ်ခံပညာစွမ်းရည် ကျွမ်း ကျင်မှုအပြည့်ရှိသလို ကမ္ဘာ့ချန်ပီယံတစ်ယောက်လည်း ဖြစ်နေခြင်းပင်။ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Christian Lee နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မည်ဟုလည်း Arslanaliev က ယုံကြည်လျက်ရှိသည်။

“Christian Lee က ကောင်းမွန်တဲ့ လူစားထိုးမှုပါပဲ။ သူက ငယ်ရွယ်သလို ထိပ်တန်းအဆင့်ရှိတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသ မားတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး ပြိုင်ပွဲအတွေ့အကြုံလည်း ကြွယ်ဝတယ်။ Christian Lee နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဆိုးရွားတဲ့ခံစားမှုမျိုး မရှိပါဘူး။ ကျွန်တော်က ပြိုင်ပွဲကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတဲ့ ရှုထောင့်ကနေပဲ ကြည့်ပါတယ်။ သူက အားကစား မားတစ်ယောက်ဖြစ်သလို ကျွန်တော်ကလည်း အားကစားသမားတစ်ယောက်ပဲလေ။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်စလုံးက ကိုယ့်ရဲ့ ကစားသမားဘဝမှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့သူတွေပါ” ဟု တူရကီအားကစားသမားက ပြောသည်။

ONE လိုက်ဝိတ်တန်း၏ အကောင်းဆုံးကစားသမားနှစ်ဦးမှာ မကြာမီရက်ပိုင်းအတွင်း မည်သူက ပိုကောင်းသလဲဆိုသည့်အဖြေကို Ryogoku Kokugikan အားကစားရုံအတွင်း အဖြေရှာသွားတော့မည်ဖြစ်သည်။ ဗိုလ်လုပွဲသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပြသ ခဲ့သော စွမ်းဆောင်ရည်များကြောင့် လူအများစုက Arslanaliev သာ အနိုင်ရရန် ပိုမိုရေပန်းစားနေသည်ဟုလည်း သုံးသပ်လျက်ရှိသည်။

၎င်းသည် ကွာတားဖိုင်နယ်တွင် မလေးရှား-နယူးဇီလန်အားကစားသမား Ev “E.T” Ting၊ ဆီမီးဖိုင်နယ်တွင် စင်ကာပူအားကစားသမား Amir Khan တို့ကို ပထမအချီမှာပင် အလဲထိုးအနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်ပြီး တွဲဆိုင်းနှစ်ခုပေါင်း ကြာမြင့်ချိန်က ၃ မိနစ်၊ ၂၁ စက္ကန့်သာရှိသည်။ ထို့အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်ကျင်းပသော ONE: CONQUEST OF HEROES ပြိုင်ပွဲတွင် ရုရှားအားကစားသမား Timofey Nastyukhin ကို အနိုင်ရခဲ့စဉ်ကလည်း ပထမအချီ ၁ မိနစ်၊ ၅၇ စက္ကန့်မှာပင် စောစောစီးစီး ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

၃ ပွဲဆက် အလဲထိုးအနိုင်ယူထားသော Arslanaliev က Christian Lee နှင့်တွဲဆိုင်းတွင်လည်း အလဲထိုးစံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်မည်ဟုပြောကြားရန် ဝန်လေးလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအား ကစားသမားကလည်း နောက်ဆုံး ၃ ပွဲဆက် ဒိုင်ပွဲရပ်အနိုင်ရရှိထားခြင်းကြောင်းဖြစ်သည်။ သို့သော်လည်း နှစ်ယောက်စလုံးတွင် ပွဲသိမ်း မြန်သည့်စွမ်းဆောင်ရည်ကောင်းများ ပိုင်ဆိုင်ထားသည်ဆိုသည့်အချက်ကိုမူ Arslanaliev က လက်ခံသည်။

“မြန်မြန်ဆန်ဆန်နဲ့ အလဲထိုးအနိုင်ရမယ်ဆိုတာမျိုး ဘယ်တုန်းကမှ ကြိုတင်မပြင်ဆင်ထားပါဘူး။ ဒါပေမဲ့ Christian Lee အတွက် ကျွန်တော့်မှာပွဲကြိုအစီအမံတွေ ရှိပါတယ်။ အကုန်လုံးလည်း သိပါတယ်။ အားကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ပွဲတစ်ပွဲ မယှဉ်ပြိုင်မီ မှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားမယ်ဆိုတာမျိုး ဘယ်သူကမှ အာမခံပြီး ပြောလေ့မရှိပါဘူး။ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ လောက်ပဲ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာက အကောင်းဆုံးတွဲဆိုင်းတစ်ဆိုင်းဖြစ်အောင် ကြိုးစားသွားမယ်ဆိုတာပါ ပဲ” ဟု တူရကီအားကစားသမားက ပြိုင်ပွဲအကြို ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ ပြောသည်။

Arslanaliev သည် ပြိုင်ဘက်ဖြစ်သူ Christian Lee ၏ တိုက်စစ်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်နိုင်ပုံကို အသိအမှတ်ပြုသော် လည်း ကြိုးဝိုင်းအတွင်း တွေ့ဆုံပါက အကောင်းဆုံးရင်ဆိုင်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ လိုက်ဝိတ်တန်း၏ အကောင်းဆုံးကစားသ မားနှစ်ဦး၏တွဲဆိုင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားကောင်းမည်ဖြစ်သော်လည်း စင်ကာပူအားကစားသမားကိုအနိုင်ယူကာ နိုင်ပွဲဆက်စံ ချိန်ကို ဆက်ထိန်းနိုင်မည်ဟု Arslanaliev က ယုံကြည်လျက်ရှိသည်။ အနိုင်ထိုးသတ်မည့် ပွဲကြိုအစီအမံများရှိသော်လည်း ထုတ်ဖော်မ ပြောချင်ဘဲ လျှို့ဝှက်ထားသည်ဟု ၎င်းက ပြောသည်။

“Christian Lee ဘယ်လိုယှဉ်ပြိုင်တတ်သလဲဆိုတာ ကျွန်တော်သိပါတယ်။ ပွဲအစပိုင်းမှာ သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့် မယ်။ နောက်တော့မှ သူ့ကို တစ်စစီဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးစားမယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းဗျူဟာတွေ ကျွန်တော့်မှာရှိတယ်။ ဘယ်လိုဗျူဟာလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါက ထိန်းသိမ်းထားရမယ့် လျှို့ဝှက်ချက်လေ” ဟု Arslanaliev က ဆိုသည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိကခေါင်တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

လျှို့ဝှက်ထားသော ပြိုင်ပွဲဝင်နည်းဗျူဟာဖြင့် Christian Lee ကိုအနိုင်ယူမည့် Arslanaliev

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ပြိုင်ပွဲ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကိုယ်ခံပ ညာသိုင်းပေါင်းစုံအားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတွဲဆိုင်းများပါဝင်သော ONE: CENTURY ပြိုင်ပွဲကြီးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၂၂ ဆိုင်းဖြင့်ကျင်းပမည့် အဆိုပါပြိုင်ပွဲအား ONE: CENTURY PART-1 နှင့် ONE: CENTURY PART-2 ဟူ၍ နှစ်ပိုင်းခွဲကျင်း ပသွားမည်ဖြစ်ပြီး ဂျပန်စံတော်ချိန် နံနက် ၉ နာရီအချိန် စတင်ကျင်းပမည့် PART-1 တွင် ONE လိုက်ဝိတ်တန်း ဂရင်းပရီဗိုလ်လုပွဲတွဲဆိုင်း လည်း အပါအဝင်ဖြစ်သည်။

ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် အဆင့်များအားကျော်ဖြတ်ကာ မူလက အဆိုပါဗိုလ်လုပွဲတွဲဆိုင်းတွင် ယှဉ်ပြိုင်မည့်သူများမှာ အမေရိကန် အားကစားသမား Eddie “The Underground King” Alvarez နှင့် တူရကီအားကစားသမား Saygid “Dagi” Guseyn Arslanaliev တို့ ဖြစ်သည်။ သို့သော်လည်း Alvarez မှာ လေ့ကျင့်ရေးပြုလုပ်စဉ် ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် ဗိုလ်လုပွဲနွှဲခွင့်နှင့် လွဲချော်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် Arslanaliev သည် Alvarez နှင့်ယှဉ်ပြိုင်ရန် အကောင်းဆုံးလေ့ကျင့်ခဲ့ပြီးမှ ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက် သွားခဲ့ရသည်ဆိုသောသတင်းကို ကြားသိခဲ့ရပြီးနောက် အလွန်စိတ်ပျက်သွားခဲ့သည်။ ယှဉ်ပြိုင်ရခြင်းမရှိဘဲ ချန်ပီယံခါးပတ်ရရှိမည်ကို မ လိုလားသလို ပြိုင်ဘက်အသစ်တစ်ယောက် အမြန်ဆုံးရှာဖွေနိုင်ပါစေဟုပင် ဆုတောင်းခဲ့ရကြောင်းလည်း အစ္စတန်ဘူလ်မြို့သား ၎င်းက ရှင်းပြသည်။

ONE Championship သည် ဒဏ်ရာရရှိသွားသော Alvarez ၏နေရာတွင် ထိပ်တန်းကစားသမားကောင်းတစ်ယောက်နှင့်အစားထိုးနိုင် ရန်ရှာဖွေခဲ့ရာ နောက်ဆုံး၌ ရှာတွေ့သွားခဲ့သည်။ ထိုသူက အခြားမဟုတ်ဘဲ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသ မား Christian “The Warrior” Lee ပင်ဖြစ်သည်။

ပြိုင်ဘက်ပြောင်းလဲသွားခဲ့ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ယှဉ်ပြိုင်ခွင့်ရခြင်းကိုပင် ဝမ်းသာမိသလို ပြိုင်ပွဲဝင်နည်းဗျူ ဟာကိုမူ ပြောင်းလဲခြင်းမရှိကြောင်း နောက်ဆုံး ၄ ပွဲဆက်တိုက်အနိုင်ရထားသော Arslanaliev က ပြောသည်။

“ကျွန်တော့်ရဲ့မန်နေဂျာက ပြောတယ်။ Alvarez တော့ ဒဏ်ရာကြောင့် မယှဉ်ပြိုင်နိုင်တော့ဘူး။ ONE ကတော့ မင်းနဲ့ထိုးမယ့် ပြိုင်ဘက် အသစ်တစ်ယောက်ကို ရှာနေတယ်။ ကျွန်တော် အရမ်း အံ့အာသင့်သွားသလို စိတ်မကောင်းလည်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ Alvarez နဲ့ယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးကို ပြင်းပြင်းထန်ထန် လုပ်ထားလို့ပါပဲ။ ပထမဆုံး ဒေါသထွက်မိတယ်။ လူစားထိုးနိုင်ပါ့မလားဆိုတာ ကိုလည်း ကျွန်တော် မသိနိုင်ဘူးလေ။ ပွဲမဖြစ်တော့ရင်ဆိုတဲ့အတွေးတွေက ကျွန်တော့်အတွက်တော့ အဆိုးရွားဆုံး အိပ်မက်ဆိုးတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ယှဉ်ပြိုင်မယ့် ကစားသမားတစ်ယောက် အမြန်ဆုံးရှာတွေ့ပါစေလို့လည်း ဆုတောင်းမိတယ်” ဟု Arslanaliev က စိတ်သောကရောက်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။

နောက်ဆုံးတော့ ၎င်း၏ဆုတောင်းပြည့်ဝသွားခဲ့ပြီး Alvarez ၏နေရာတွင် အစားဝင်ကာ ယှဉ်ပြိုင်မည့်သူက ကိုယ်ခံပညာစွမ်းရည် ကျွမ်း ကျင်မှုအပြည့်ရှိသလို ကမ္ဘာ့ချန်ပီယံတစ်ယောက်လည်း ဖြစ်နေခြင်းပင်။ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Christian Lee နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မည်ဟုလည်း Arslanaliev က ယုံကြည်လျက်ရှိသည်။

“Christian Lee က ကောင်းမွန်တဲ့ လူစားထိုးမှုပါပဲ။ သူက ငယ်ရွယ်သလို ထိပ်တန်းအဆင့်ရှိတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသ မားတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး ပြိုင်ပွဲအတွေ့အကြုံလည်း ကြွယ်ဝတယ်။ Christian Lee နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဆိုးရွားတဲ့ခံစားမှုမျိုး မရှိပါဘူး။ ကျွန်တော်က ပြိုင်ပွဲကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတဲ့ ရှုထောင့်ကနေပဲ ကြည့်ပါတယ်။ သူက အားကစား မားတစ်ယောက်ဖြစ်သလို ကျွန်တော်ကလည်း အားကစားသမားတစ်ယောက်ပဲလေ။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်စလုံးက ကိုယ့်ရဲ့ ကစားသမားဘဝမှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့သူတွေပါ” ဟု တူရကီအားကစားသမားက ပြောသည်။

ONE လိုက်ဝိတ်တန်း၏ အကောင်းဆုံးကစားသမားနှစ်ဦးမှာ မကြာမီရက်ပိုင်းအတွင်း မည်သူက ပိုကောင်းသလဲဆိုသည့်အဖြေကို Ryogoku Kokugikan အားကစားရုံအတွင်း အဖြေရှာသွားတော့မည်ဖြစ်သည်။ ဗိုလ်လုပွဲသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပြသ ခဲ့သော စွမ်းဆောင်ရည်များကြောင့် လူအများစုက Arslanaliev သာ အနိုင်ရရန် ပိုမိုရေပန်းစားနေသည်ဟုလည်း သုံးသပ်လျက်ရှိသည်။

၎င်းသည် ကွာတားဖိုင်နယ်တွင် မလေးရှား-နယူးဇီလန်အားကစားသမား Ev “E.T” Ting၊ ဆီမီးဖိုင်နယ်တွင် စင်ကာပူအားကစားသမား Amir Khan တို့ကို ပထမအချီမှာပင် အလဲထိုးအနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်ပြီး တွဲဆိုင်းနှစ်ခုပေါင်း ကြာမြင့်ချိန်က ၃ မိနစ်၊ ၂၁ စက္ကန့်သာရှိသည်။ ထို့အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်ကျင်းပသော ONE: CONQUEST OF HEROES ပြိုင်ပွဲတွင် ရုရှားအားကစားသမား Timofey Nastyukhin ကို အနိုင်ရခဲ့စဉ်ကလည်း ပထမအချီ ၁ မိနစ်၊ ၅၇ စက္ကန့်မှာပင် စောစောစီးစီး ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

၃ ပွဲဆက် အလဲထိုးအနိုင်ယူထားသော Arslanaliev က Christian Lee နှင့်တွဲဆိုင်းတွင်လည်း အလဲထိုးစံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်မည်ဟုပြောကြားရန် ဝန်လေးလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအား ကစားသမားကလည်း နောက်ဆုံး ၃ ပွဲဆက် ဒိုင်ပွဲရပ်အနိုင်ရရှိထားခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း နှစ်ယောက်စလုံးတွင် ပွဲသိမ်း မြန်သည့်စွမ်းဆောင်ရည်ကောင်းများ ပိုင်ဆိုင်ထားသည်ဆိုသည့်အချက်ကိုမူ Arslanaliev က လက်ခံသည်။

“မြန်မြန်ဆန်ဆန်နဲ့ အလဲထိုးအနိုင်ရမယ်ဆိုတာမျိုး ဘယ်တုန်းကမှ ကြိုတင်မပြင်ဆင်ထားပါဘူး။ ဒါပေမဲ့ Christian Lee အတွက် ကျွန်တော့်မှာပွဲကြိုအစီအမံတွေ ရှိပါတယ်။ အကုန်လုံးလည်း သိပါတယ်။ အားကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ပွဲတစ်ပွဲ မယှဉ်ပြိုင်မီ မှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားမယ်ဆိုတာမျိုး ဘယ်သူကမှ အာမခံပြီး ပြောလေ့မရှိပါဘူး။ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ လောက်ပဲ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာက အကောင်းဆုံးတွဲဆိုင်းတစ်ဆိုင်းဖြစ်အောင် ကြိုးစားသွားမယ်ဆိုတာပါ ပဲ” ဟု တူရကီအားကစားသမားက ပြိုင်ပွဲအကြို ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ ပြောသည်။

Arslanaliev သည် ပြိုင်ဘက်ဖြစ်သူ Christian Lee ၏ တိုက်စစ်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်နိုင်ပုံကို အသိအမှတ်ပြုသော် လည်း ကြိုးဝိုင်းအတွင်း တွေ့ဆုံပါက အကောင်းဆုံးရင်ဆိုင်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ လိုက်ဝိတ်တန်း၏ အကောင်းဆုံးကစားသ မားနှစ်ဦး၏တွဲဆိုင်းဖြစ်သောကြောင်းစိတ်လှုပ်ရှားကောင်းမည်ဖြစ်သော်လည်း စင်ကာပူအားကစားသမားကိုအနိုင်ယူကာ နိုင်ပွဲဆက်စံ ချိန်ကို ဆက်ထိန်းနိုင်မည်ဟု Arslanaliev က ယုံကြည်လျက်ရှိသည်။ အနိုင်ထိုးသတ်မည့် ပွဲကြိုအစီအမံများရှိသော်လည်း ထုတ်ဖော်မ ပြောချင်ဘဲ လျှို့ဝှက်ထားသည်ဟု ၎င်းက ပြောသည်။

“Christian Lee ဘယ်လိုယှဉ်ပြိုင်တတ်သလဲဆိုတာ ကျွန်တော်သိပါတယ်။ ပွဲအစပိုင်းမှာ သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့် မယ်။ နောက်တော့မှ သူ့ကို တစ်စစီဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးစားမယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းဗျူဟာတွေ ကျွန်တော့်မှာရှိတယ်။ ဘယ်လိုဗျူဟာလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါက ထိန်းသိမ်းထားရမယ့် လျှို့ဝှက်ချက်လေ” ဟု Arslanaliev က ဆိုသည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားကစားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ အဓိကခေါင်တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly