မန္တလေးမြို့ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များပေးနိုင်ရန် စည်ပင်သာယာ Page ဖွင့်လှစ်

မန္တလေးမြို့ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များပေးနိုင်ရန် စည်ပင်သာယာ Page ဖွင့်လှစ်

မန္တလေး၊ အောက်တိုဘာ ၉ ။        ။ မန္တလေးမြို့လူထု၏ လိုအပ်ချက်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်နှင့် စည်ပင်သာယာရေး ကော် မတီ၏ လိုအပ်ချက်များကို အကြံပြုနိုင်ရန်အတွက် "မန္တလေးမြို့တော်စည်ပင်သို့ အကြံပြုချက်” အမည် ဖြင့်လူမှုကွန်ယက်စာမျက်နှာတစ်ခုကို ဖွင့်လှစ်ထားသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က မဇ္ဈိမကိုပြောသည်။

"မြို့တော်စည်ပင်နဲ့ပတ်သက်ပြီး မြို့သူမြို့သားတွေ သိချင်တာတွေမေးလို့ရအောင်၊ မိမိကြုံတွေ့ နေရ တဲ့ပြဿနာတွေကိုတင်ပြလို့ရအောင်၊ စည်ပင်ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး သတင်းပေးတိုင်ကြားလို့ ရအောင်၊ စည်းကမ်းမဲ့ နေသူတွေကို တင်ပြလို့ရအောင်နဲ့အရေးအကြီးဆုံးက မြို့တော်ဖွံဖြိုးတိုးတက် ရေးအတွက် အကြံကောင်း ဉာဏ်ကောင်းများပေးလို့ရအောင် မန္တလေးမြို့တော်စည်ပင်သို့ အကြံပြု ချက်များ ဆိုတဲ့ page လေးကို တည်ထောင်လိုက်တာပါ။"ဟုဒေါက်တာ ရဲလွင်ကပြောသည်။

အဆိုပါ Pageအတွက် Admin များအဖြစ် မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်စည်ပင်သာယာရေးကော် မတီဝင်များက ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ပတ် သက်၍ မြို့သူ၊ မြို့သားများ သိချင်သည်များကို မေးမြန်းနိုင်ရန် မြို့သူမြို့သားများ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြနိုင်ရန်တို့အတွက် ရည်ရွယ်ကာ ယခု Page ကိုဖွင့်လှစ်ရခြင်းဖြစ်သည် ဟု ဒေါက်တာရဲလွင်ကဆိုသည်။

"ဒီ page လေးကို like and join လုပ်ပေးပါ။ အကောင့်အတုတွေ မပါအောင် admin ကစီစစ်ပြီး လက်ခံပေးနေပါတယ်။ကျွန်တော်တင်တဲ့ပို့စ်တွေမှာ ရေးနေတဲ့ comment တွေကအရမ်းများနေလို့ အချို့ကိုပြန်ဖြေဖို့ အခက် အခဲရှိလို့ ကျွန်တော်နဲ့ ကော်မတီဝင်တွေကိုယ်တိုင် admin လုပ်ပြီး member နဲ့ post တွေကိုလက်ခံပေးမှာပါ။ပို့စ်ဝင်မရေးတတ်သူတွေအတွက် page ရဲ့ပို့စ်တစ်ခုခုအောက်မှာ comment ရေးရင်ကို စည်ပင်သက် ဆိုင်ရာ ဌာန က ပြန်ဖြေပေးမှာပါ။"ဟု ဒေါက်တာရဲလွင်က ပြော သည်။

မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင်မြို့သူ မြို့သားများနှင့် အမြဲတမ်းထိတွေ့ကာ မြို့၏လိုအပ်ချက်များကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက်မြို့သူမြို့သားများ အနေဖြင့် join၊ Share  ပြုလုပ်ထားရန် ဒေါက်တာရဲလွင်က တိုက်တွန်းထားသည်။ အဆိုပါ Page ကိုအောက်တိုဘာ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly