မကွေးမြို့အိမ်ခြံမြေစျေးကွက် ကျပ်သိန်းတစ်ထောင်အောက် မြေကွက်များအရောင်းအဝယ်သွက်

မကွေးမြို့အိမ်ခြံမြေစျေးကွက် ကျပ်သိန်းတစ်ထောင်အောက် မြေကွက်များအရောင်းအဝယ်သွက်

မကွေး၊ အောက်တိုဘာ ၈။         ။ မကွေးမြို့အိမ်ခြံမြေစျေးကွက်တွင် ကျပ်သိန်းတစ်ထောင်ဝန်းကျင်အောက် မြေကွက်များသာ အများဆုံး အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

မကွေးမြို့အိမ်ခြံမြေစျေးကွက်သည် ၂၀၁၄-၂၀၁၅ခုနှစ်ဝန်းကျင်မှ စတင်ကာစျေးနှုန်းများ တဖြည်း ဖြည်း မြင့်တက်လာခဲ့ပြီး မြို့ပေါ်၁၅ရပ်ကွက်အတွင်း နေရာအချက်အခြာကျမှုပေါ်မူတည်၍ အနိမ့်ဆုံး ကျပ်သိန်း ၇၀ကျပ်ဝန်းကျင်မှ အမြင့်ဆုံးကျပ်သိန်း ၃၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“တခြားမြို့ကြီးတွေမှာ အိမ်ခြံမြေစျေးကွက်အကျဘက်မှာရှိလာပေမယ့် မကွေးမြို့က ကျောင်းသား မြို့တော်ဖြစ်တာရယ် အိမ်အငှားစျေးကွက်တွင်ကျယ်နေတာရယ် ရန်ကုန်မန္တလေး စျေးကွက်တွေနဲ့ ယှဉ်ရင် စျေးနှုန်းများစွာကွာခြားနေသေးတဲ့အတွက် ကျဖို့အလားအလာမရှိဘူး။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံ သူ လက်ကြီးသမားများအဝယ်အေးနေတဲ့အတွက် သိန်း၁၀၀၀ကျပ်အောက် မြေကွက်တွေသာ အများ ဆုံးအရောင်းအဝယ်ဖြစ်နေတယ်” ဟု သွန်းသစ္စာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမွ မခြူးငယ်လေး ကဆိုသည်။

မကွေးမြို့ရှိ အိမ်ခြံမြေဝယ်ယူသူများသည် ဆေးရုံ၊ စျေး၊ မကွေးတက္ကသိုလ်၊ ရှော့ပင်းစင်တာများနှင့် နီးသောကန်သာရပ်ကွက်ကို အကြိုက်ဆုံးဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများနှင့် ကုမ္ပဏီရုံးခန်း လုပ်ကိုင် သူများက အဓိကလမ်းမကြီးဖြစ်သည့် ပြည်တော်သာလမ်းတစ်လျောက်ကို ဝယ်ယူကြပြီး မကွေးမြို့၏ စျေးအမြင့်ဆုံးအပိုင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

“ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ မကွေးမြို့အိမ်ခြံမြေစျေးကွက်ကို လာရောက်ကမ်းလှမ်းထားသူတွေ များစွာ ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုအတွက်ဟိုတယ်၊ အဆောင်နဲ့ သင်တန်းကျောင်းများအတွက် လာရောက် ချိတ်ဆက်ထားတယ်”ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မကွေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ပြောသည်။

မကွေးမြို့၏ လက်ရှိအိမ်ခြံမြေပေါက်စျေးများမှာ ပြည်တော်သာလမ်းသည် စျေးအမြင့်ဆုံးဖြစ်နေပြီး ကျပ်သိန်း ၃၀၀၀ထောင်ခန့် ပေါက်စျေးရှိကြောင်း  အထက ၁ လမ်တွင် ကျပ်သိန်း ၂၀၀၀ခန့်၊ တောင် တွင်းလမ်းတွင် ကျပ်သိန်း၁၅၀၀မှ ကျပ်သိန်း၂၀၀၀ခန့်၊  အဝေရာလမ်းတွင် ကျပ်သိန်း၁၀၀၀ခန့် ပေါက်စျေး ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မကွေးတိုင်းဒေသကြီးမှ သိရသည်။

“ယာမြေနဲ့ ပတ်သက်လို့ တောင်တွင်းလမ်းမှာတစ်ဧကကို ကျပ်သိန်း၃၅၀ကနေ ကျပ်သိန်း၄၀၀၊ ကျပ် သိန်း ၅၀၀လောက် အရောင်းအဝယ်ဖြစ်နေတယ်။ နတ်မောက်လမ်းမှာဆို ဂရန်ကျပြီးသားအကွက်က ကျပ်သိန်း၁၅၀၀ကနေကျပ်သိန်း၂၀၀၀အထိ၊ လနကျပြီးသားအကွက်က ကျပ်သိန်း၁၀၀၀ကနေ ကျပ် သိန်း၁၅၀၀အထိ၊ လနမကျသေးတဲ့အကွက်က ကျပ်သိန်း ၇၀၀ကနေ ကျပ်သိန်း၈၀၀အထိ ပေါက်စျေး ရှိတယ်။ အိမ်ခြံမြေအနေနဲ့ ကျပ်သိန်း ၅၀၀ကနေ ကျပ်သိန်း ၁၀၀၀အကြား အရောင်းအဝယ်ဖြစ်တယ်။ ကျပ်သိန်း ၅၀၀အောက်ဝိုင်းတွေဆို များများအရောင်းအဝယ်ဖြစ်ပြီးတော့ ကျပ်သိန်း ၁၀၀၀ ပတ်လည် ဆို အရောင်းအဝယ်နည်းနည်းအေးတယ်။ ကျပ်သိန်း၁၀၀၀ကျော်ဝိုင်းဆို ၃ဝိုင်းလောက်ပဲ အရောင်း အဝယ်ဖြစ်တယ်” ဟု ဦးမျိုးမင်းထွန်းက ပြောသည်။

မကွေးမြို့တွင်ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံလိုမှုများ များစွာရှိနေ ကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများမှ အိမ်ခြံမြေဥပဒေအသစ်အပေါ် စောင့်ကြည့်နေကြသော ကြောင့် အရောင်းအဝယ်မှာ ပုံမှန်သာဖြစ်နေပြီး ဥပဒေအတည်ပြုပြီးပါက အရောင်းအဝယ် ကောင်း လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူမျာက သုံးသပ်ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly