ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း၏ MarketNext အခမ်းအနားပြုလုပ်

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း၏ MarketNext အခမ်းအနားပြုလုပ်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်။အောက်တိုဘာ ၈ ။         ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း၏ MarketNext အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ကရန်ကုန်မြို့ Lottle Hotel မှာပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် စိုက်ပျိုးရေးကဏ္ဍ၊ ဈေးကွက်ဖွံ့ဖြိုးရေးအကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု သိရပြီး စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခုစီမံကိန်း ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးေအဂျင်စီ USAID ၏ပံ့ပိုးကူညီမှုဖြင့် Winrock International က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂၇သန်း ကူညီပံ့ပိုးပေးခဲ့သည်ဟုသိရသည်။

" ဒို့တွေဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို ပြန်ကြည့်ကြမယ်။ ပြီးတော့မှ ဈေးကွက်နဲ့ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ ဆွေးနွေးမယ်။ နောက်တစ်ခုကကျတော့ ဈေးကွက်မှာပါဝင်နေတဲ့သူ အချင်းချင်းက နေပြီးတော့ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်၊ ဒီကနေ့တစ်ကယ် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လဲ မျှော်လင့်ပါတယ်" ဟု Winrock International ၏ Chief of Party Nimish Jhaveri က ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များထပ်မံ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပြီး တောင်သူများလိုအပ်နေသည့် ချေးငွေရရှိရေးကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကဆိုသည်။

" အခုလက်ရှိလည်း လုပ်နေပြီ။ ဆက်လုပ်သွားမှာကတော့ လယ်သမားတွေ လိုအပ်တဲ့ ချေးငွေရရှိရေး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်သွားမှာပါ။ မြန်မာပြည်မှာရှိတဲ့ လယ်သမား တွေအနေနဲ့ အသေးစားချေးငွေ လုပ်ငန်းတွေကနေ တစ်ဆင့် သူတို့လိုအပ်နေတဲ့ ငွေကြေးအကူအညီ ရမယ်ဆိုရင် အပြု သဘောမျိုးဆောင်တဲ့ချေးငွေရရှိမယ်ဆိုရင် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဆက်ဖြစ်လာမှာ ဖြစ်လို့ ဒီကဏ္ဍကိုလည်း ဆက်လုပ်သွားပါဦးမယ်" ဟု အမေရိကန်သံအမတ်ကြီးက ဆိုသည်။

ယင်းပွဲတွင်စိုက်ပျိုးတောင်သူအစုအဖွဲ့များ အပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များ၊ ကုန်သည်၊ ပို့ကုန်လုပ်ငန်းရှင်များ ၊ဘဏ်လုပ်ငန်း၊အာမခံလုပ်ငန်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အမေရိကန်အစိုးရအနေဖြင့် Feed the Future Initiative အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇သန်း ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ေကြာင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags