နိုင်ငံတစ်ဝှမ်း အခြေခံမဲစာရင်းကောက်ယူမှု အောက်တိုဘာလလယ်တွင် အပြီးသတ်မည်

08 October 2019
နိုင်ငံတစ်ဝှမ်း အခြေခံမဲစာရင်းကောက်ယူမှု အောက်တိုဘာလလယ်တွင် အပြီးသတ်မည်

နိုင်ငံတစ်ဝှမ်း အခြေခံမဲစာရင်းကောက်ယူမှု အောက်တိုဘာလလယ်တွင် အပြီးသတ်မည်
************************************
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံမဲစာရင်းကောက်ယူမှုများကို ၂၀၁၉ ခုနှစ်အောက်တိုဘာလလယ်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောခွင့်ရှိသူ ဦးမြင့်နိုင်က မဇ္စျိမသို့ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်း လုပ်ငန်းကို ၂၀၁၉ ဇန်နဝါရီလမှ စတင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၁၀ လခန့်အချိန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“၂၀၁၉ ကတော့အခြေခံမဲစာရင်းပြုစုတာပေါ့ေနာ်။ အခြေခံမဲစာရင်းပြုစုတာကတော့ အခုတစ်ပတ်၊ နှစ်ပတ်လောက်ဆို အားလုံးပြီးသွားတော့မှာပေါ့။ မဲဆန္ဒနယ်သတ်မှတ်ဖို့ကတော့ လိုပါသေးတယ်ဗျ ” ဟု ဦးမြင့်နိုင်ကဆိုသည်။
ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/61131

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly