Messi ကို ဂုဏ်ပြုတဲ့ ဆပ်ကပ်တင်ဆက်မှု

08 October 2019
Messi ကို ဂုဏ်ပြုတဲ့ ဆပ်ကပ်တင်ဆက်မှု

(MC) ကနေဒါဆပ်ကပ်အဖွဲ့ Cirque du Soleil ကတော့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆပ်ကပ် နဲ့ ဘောလုံး ကိုတွဲပြီးတင်ဆက်ဖို့ လုပ်ဆောင်လိုက်ပါတယ်။ ဒီအစီအစဉ်ကိုတော့ Messi 10 လို့ နာမည်ပေးထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးအဖွဲ့တွေထဲက တခုဖြစ်တဲ့ Cirque du Soleil အဖွဲ့ဟာ စပိန်နိုင်ငံဘာစီလိုနာမြို့မှာ အခုသီတင်းပတ်အတွင်း ပြသသွားမှာဖြစ်ပြီး ၊ မကြာခင်မှာတော့ ကမ္ဘာတဝှမ်းကို ပြသသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly