မက္ကဆီကိုမှာ ride-sharing app တွေအပေါ် ပုံမှန်တက္ကစီအငှားယာဉ်မောင်းတွေ စုဝေးဆန္ဒပြ

မက္ကဆီကိုမှာ ride-sharing app တွေအပေါ် ပုံမှန်တက္ကစီအငှားယာဉ်မောင်းတွေ စုဝေးဆန္ဒပြ

အောက်တိုဘာ ၈ ။       ။ မက္ကဆီကိုနိုင်ငံမှာ အွန်လိုင်းအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရာပေါင်းများစွာသော ပုံမှန် တက္ကစီ ကားမောင်းသမားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၇ ရက်မှာတော့ ပုံမှန်တက္ကစီ ယာဉ်မောင်းသမားတွေ စုဝေးပြီး မြို့တော် မက္ကဆီကိုစီးတီးက အဓိက လမ်းတွေပေါ်မှာ ပိတ်ဆို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ Uber နဲ့ Cabify တို့လို ride-sharing apps တွေအပေါ် ပုံမှန် အငှားယာဉ်မောင်းသမားတွေက ဆန့်ကျင်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။

“ ခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့၊ သူတို့ (အွန်လိုင်း အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ) ကြောင့် ကျွန်တော်တို့ ပုံမှန်ဝင်ငွေဟာ ၇၀ ရာခိုင်နှုန်းလောက် လျော့သွားခဲ့ပါတယ်၊ ပြီးတော့ ဂတ်စ်ဖိုးလည်း နုတ်လိုက်ရင် ဘာမှ ကျန်တော့တာမဟုတ်ဘူး၊ အခြား အိမ်အသုံးစရိတ်တွေကလည်း ရှိသေးတယ်လေ” ဆိုပြီး ပုံမှန် တက္ကစီ မောင်းသမားတစ်ဦးဖြစ်တဲ့ မွိုက်စ် လီချူဂါက ပြောသွားပါတယ်။

“ တကယ်ဆိုရင် အဲဒီ  အွန်လိုင်း အငှားယာဉ် လုပ်ငန်းတွေက အာမခံလည်း မရှိပါဘူး၊ နောက်ပြီး ခွင့်ပြုချက်လည်း ရမထားပါဘူး၊ ကျွန်တော်တို့ ပုံမှန် တက္ကစီသမားတွေကမှ တကယ် တရားဝင်တာပါ၊ ကျွန်တော်တို့က အခွန်လည်း ဆောင်တယ်၊ နောက်ပြီး လိုင်စင်လည်း ရှိပါတယ်” ဆိုပြီး အခြားသော ပုံမှန် တက္ကစီ မောင်းသမားတစ်ဦးဖြစ်တဲ့ မာရီယို ဟာနန်ဒက်ဇ်ကလည်း ပြောသွားပါတယ်။

ယင်းအတွက်ကြောင့် ဒီလို အွန်လိုင်းအငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေ ထွက်ခွာသွားရေးအတွက် ၎င်း ပုံမှန်တက္ကစီသမားတွေက တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။

ခုလို အငှားယာဉ်မောင်းတွေ လမ်းပိတ်ဆို့ ဆန္ဒပြမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly