နှစ် ၅၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့အား အစ္စရေးဖော်ထုတ်ပြသ

နှစ် ၅၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့အား အစ္စရေးဖော်ထုတ်ပြသ

ဂျေရုဆလင်၊ အောက်တိုဘာ ၇ ။         ။ အစ္စရေး ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ခံတပ်တွေနဲ့ ဘာသာရေးဘုရားကျောင်းတစ်ကျောင်းပါ ပါရှိတဲ့ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ အပိုင်းအစတွေကို တနင်္ဂနွေနေ့က ဖော်ထုတ်ပြသပါတယ်။

ဒေသမှာ အဲဒီခေတ် အဲဒီအချိန်က အကြီးဆုံးမြို့တွေထဲ အပါအဝင်ဖြစ်တဲ့ မြို့ဟောင်းတစ်မြို့ရဲ့ အကြွင်းအကျန်တွေကို ထုတ်ဖော်ပြသတာပဲ ဖြစ်ပါတယ်။

“ဒီ မြို့ဟောင်းကတော့ တကယ့်ကို ကြီးမားတဲ့ မြို့ပြတည်ဆောက်ထားမှုကို ပြသနေပါတယ်။ အစီအစဉ်ကျတဲ့ လမ်းတွေ၊ အိမ်ရာတည်ဆောက်နေရာချမှုတွေနဲ့ အများပြည်သူနေရာတွေကို စနစ်တကျ ဖွဲ့စည်းထားပါတယ်။”လို့ နိုင်ငံရဲ့ အချက်အခြာ မြေထဲပင်လယ်နားမှာရှိတဲ့ အဲဒီ မြို့ဟောင်းတူးဖော်လုပ်ကွက်မှာ အစ္စရေးရှေးဟောင်းအာဏာပိုင် ရစ်ဇဟတ်ပတ်ဇ်က အေအက်ဖ်ပီကို ပြောပါတယ်။

ကြေးခေတ်က ဒီဒေသမှာ အဓိကကျတဲ့ တွေ့ရှိမှုပဲ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

အန်အီဆာလို့ နာမည်ပေးထားတဲ့ ဒီ ရှေးဟောင်းတူးဖော်ရေးလုပ်ကွက်ဟာ ဒေသတွင်းမှာ အကြီးဆုံးလုပ်ကွက်ဖြစ်ပြီး အဲဒီခေတ်အတွက် အရေးကြီးဆုံး တူးဖော်မှုလည်း ဖြစ်တယ်လို့ လုပ်ကွက်ကို ကြီးကြပ်ကွပ်ကဲနေတဲ့ ရှေးဟောင်းသုတေသနပညာရှင် အက်တိုင်အီလတ်က ပြောပါတယ်။

“မြို့ဟောင်းရဲ့ တူးဖော်ထားတဲ့ အကျယ်အဝန်းက စတုရန်းကီလိုမီတာ ၀ ဒသမ ၆၅ ရှိတာကြောင့် ကျွန်တော်တို့ သိထားတာထက် နှစ်ဆရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အဲဒီ ရှေးဟောင်းမြို့အတွင်းမှာ လူနဲ့ တိရစ္ဆာန်တွေရဲ့ ရှားပါးမျက်နှာတွေနဲ့ ရုပ်တုတွေ ရှိနေတဲ့ ဘာသာရေးဂူဘုရားကျောင်းတစ်ခုကိုလည်း တွေ့ရှိကြောင်း ၎င်းက ပြောခဲ့ပါတယ်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly