Yahoo Mail က စကားဝှက်မလိုသည့် အီးမေးများကို စတင်ပွဲထုတ်

Yahoo Mail က စကားဝှက်မလိုသည့် အီးမေးများကို စတင်ပွဲထုတ်

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ-၁၆ ။             ။ Yahoo Mail က မိုဘိုင်းကိရိယာတွေပေါ်မှာ စကားဝှက်လိုအပ်ချက်ကို ဖယ်ရှားပစ်ခြင်းအပါအဝင် အဆင့်မြှင့်တင်မှု (upgrades)များဖြင့် ၎င်း၏ အခမဲ့အီးမေးဝန်ဆောင်မှုကို တစ်ခတ်ဆန်းလာစေရန် လုပ်ဆောင်တော့မည်ဖြစ်သည်။

စကားဝှက်များမှာ အသေးအဖွဲ ကာကွယ်ရေးယန္တရားမျှသာဖြစ်သည်ဟု ကာလကြာမြင့်စွာကတည်းက လုံခြုံရေးကျွမ်းကျင်သူများက ဝေဖန်လာခဲ့သောကြောင့် Yahoo ၏ အီးမေးဆော့ဖ်ဝဲအသစ်က အသုံးပြုသူများကို စကားဝှက် ရိုက်ထည့်စရာမလိုဘဲ sign-in လုပ်နိုင်စေမည်ဖြစ်သည်။

Account Key ဟု ခေါ်သည့် Yahoo Mail sign-in လုပ်ငန်းစဉ်တွင် အဆက်အသွယ်ကို အွန်လိုင်းတွင် လက်ခံသင့်ကြောင်း အတည်ပြုချက်တောင်းသည့် မက်ဆေ့ချ်ကို အသုံးပြုသူ၏ စမတ်ဖုန်းသို့ ပေးပို့သည့် လုပ်ဆောင်ချက်တစ်ခု ပါဝင်လာမည်ဖြစ်သည်။

‘စကားဝှက်တွေဟာ မှတ်ရခက်ခဲပြီး တစ်ဆင့်ခံ sign-in မှန်ကန်ကြောင်းစစ်ဆေးမှုကလည်း အဆင်မပြေ ရှုပ်ထွေးနေတယ်’ဟု Yahoo ထုတ်ကုန်စီမံခန့်ခွဲမှု ဒုဥက္ကဌ ဒိုင်လင် ကာဆေးက သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘အသုံးပြုသူတွေကို သူတို့ရဲ့ မိုဘိုင်းကိရိယာပေါ်မှာ လုံခြုံရိုးရှင်းတဲ့ အင်တာနက်အဆက်အသွယ် ရနိုင်စေဖို့ အသိပေးချက် (notifications)တွေကိုသာ အသုံးပြုထားတဲ့ Yahoo ရဲ့ Account Key ပွဲထွက်လာမှုနဲ့အတူ ကျနော်တို့ဟာ စကားဝှက်ကင်းမဲ့တဲ့ အနာဂတ်ဆီကို အကြီးကြီး ခုန်ကျော်လိုက်တာပါ’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဤအသုံးစရိုက်သစ် (feature)မှာ ကွန်ပျူတာထွင်းဝိဇ္ဇာများက ခိုးယူထားသည့် စကားဝှက်များဖြင့် အချက်အလက်များကို ခိုးယူရန်အတွက် Yahoo Mail အကောင့်များကို   ဖောက်ထွင်းပြီး   နှစ်နှစ်နီးပါးအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required