ဆီးချိုကို တိုက်ဖျက်နေတဲ့ ကျန်းမာရေးပညာရှင်တွေအတွက် အစိုးရိမ် အပူပန်ဆုံးတစ်ခုကတော့ ထမင်းဖြူပါပဲ။
ဆီးချိုရောဂါ ဖြစ်စေတဲ့ ဘေးမှာ ထမင်းဟာ အချိုရည်ထက်တောင် ပိုပြီး ဘေးများပါတယ်။
စင်ကာပူက ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့ အမှုဆောင်အရာရှိ ဇီယွန်းကန်ဟာ ဆီးချိုရောဂါ ဘေးအန္တရာယ် လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အနောက်နိုင်ငံသားတွေအတွက် ဆီးချိုဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းက အဝလွန်တာနဲ့ အချိုရည်သောက်သုံးတာကြောင့်လို့ ဇီယွန်းကန်က ပြောပါတယ်။
ဒါပေမယ့် အာရှသားတွေဟာ အနောက်တိုင်းသားတွေထက် ဆီးချိုဘေး ပိုများနေတယ်လို့ ၎င်းက ဆိုပါတယ်။ အဝလွန်သူတွေ မဟုတ်သူတွေမှာလည်း ဆီးချိုအန္တရာယ်က အာရှသားတွေအတွက် ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
ဒါဟာ ထမင်းစားသုံးကြတာကြောင့်ဖြစ်ပြီး ထမင်းဖြူဟာ သွေးတွင်းသကြားဓာတ်ကို ပိုပြီး မြင့်မားစေပြီး ဆီးချိုဘေး ပိုတိုးများစေတယ်လို့ ဆိုပါတယ်။
ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းက ထုတ်ဝေတဲ့ British Medical Journal မှာ ဇီယွန်းကန်က ၎င်းသုတေသနပြု တွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ ကျော် လူပေါင်း ၃၅၀၀၀၀ ကျော်ပါဝင်တဲ့ အဓိက သုတေသနကြီး လေးခုပြုလုပ်ပြီး ဖော်ပြရာမှာ နေ့စဉ် ထမင်းဖြူ တစ်ပန်းကန်စားသူတွေဟာ ဆီးချိုဘေးအန္တရာယ် ၁၁ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။
ဇီယွန်းကန်အနေနဲ့ ထမင်းဖြူကို နေ့စဉ်စားသုံးနေတဲ့ စင်ကာပူသားတွေအတွက် ရှောင်ရှားဖို့တော့ အကြံပေးတိုက်တွန်းမှု ပြုလုပ်ဖို့ အစီအစဉ် မရှိပါ။
ဒါပေမယ့် ထမင်းဖြူအစား ဆန်လုံးညိုနဲ့ ချက်ထားတဲ့ ထမင်းကို အစားထိုးစားသုံးဖို့ တိုက်တွန်းသွားဖြစ်ဖို့ ရှိပါတယ်။ အဲဒီ ဆန်လုံးညိုနဲ့ ချက်တဲ့ ထမင်းဟာ ဆီးချိုဘေးကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဇီယွန်းကန်က ပြောခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/