မျက်နှာဖုံး ဝတ်ဆင်တာကို တားမြစ်တာအပေါ် ထပ်မံအာခံပြီး ဟောင်ကောင်မှာ လမ်းပေါ်ထွက် ဆန္ဒပြ

မျက်နှာဖုံး ဝတ်ဆင်တာကို တားမြစ်တာအပေါ် ထပ်မံအာခံပြီး ဟောင်ကောင်မှာ လမ်းပေါ်ထွက် ဆန္ဒပြ

ဟောင်ကောင်၊ အောက်တိုဘာ ၇ ။         ။ ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်မှာ မြေအောက်ဘူတာရုံတွေ ထက်ဝက်နီးပါး ပိတ်ထားရဆဲ အခြေအနေမှာပဲ အစိုးရရဲ့ မျက်နှာဖုံး ဝတ်ဆင်တာကို တားမြစ်ချက်အပေါ် ထပ်မံအာခံပြီး ဆန္ဒပြသူဟာ လမ်းတွေပေါ်ထွက် ဆန္ဒပြကြပြန်ပါတယ်။

 တနင်္ဂနွေနေ့က လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ ထောင်ပေါင်းများစွာသော အင်အားကို ဟောင်ကောင်ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး ဖြိုခွင်းပါတယ်။

ဒီလို ဆန္ဒပြကြရာမှာ ဆူပူအကြမ်းဖက်မှုတွေလည်း ဖြစ်ပွားပေါ်ပေါက်ပါတယ်။ ရှမ်ရှုအီပိုအရပ်မှာ တက္ကဆီဒရိုင်ဘာတစ်ဦးက ကားကို ဝိုင်းရံနေတဲ့ ဆန္ဒပြလူအုပ်ထဲ ကားဖြတ်မောင်းဝင်တာကြောင့် ဝိုင်းအရိုက်ခံရပါတယ်။

“အဲဒီ တက္ကဆီသမားကြောင့် မိန်းကလေးနှစ်ဦး ကားတိုက်ခံရတယ်။ တစ်ဦးက ကားနဲ့ စျေးဆိုင်ကြားမှာ ညှပ်နေခဲ့တယ်။”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ လူအုပ်ဟာ ကားကို တွန်းဖယ်ကြပြီး ဒဏ်ရာရအမျိုးသမီးကို ဆွဲထုတ်ခဲ့ရပါတယ်။

ဆန္ဒပြသူတွေက အဲဒီ တက္ကဆီကို မီးတင်ရှို့လိုက်ကြပါတယ်။ ဒီနောက် အချိန်ပိုင်းမှာပဲ အနားက အစိုးရဌာနတစ်ခုကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

ဟောင်ကောင်မှာ အစိုးရက တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေ အတည်ပြုဖို့ လုပ်ဆောင်လာတာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတော့တာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေကို အစိုးရက ဖျက်သိမ်းပေမယ့် ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ မငြိမ်းနိုင်တော့ဘဲ လေးလကျော်ကြာ အရှိန်မြင့် ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly