ရွှေဗဟိုစျေးကွက် အောင်မြင် မည်ဟု လုပ်ငန်းရှင်များသုံးသပ်

ရွှေဗဟိုစျေးကွက် အောင်မြင် မည်ဟု လုပ်ငန်းရှင်များသုံးသပ်

အောက်တိုဘာလ ၆ ။       ။ ပြည်တွင်းရွှေစျေးကွက် တွင် ပထမဆုံးအကြိမ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်မည့် ရွှေဗဟိုစျေးကွက် (Gold  Exchange ) မှာ အောင်မြင်နိုင်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများကဲ့သို့  နှစ်အနည်းငယ်စောင့်ရနိုင်ကြောင်း   ရွွှေလုပ်ငန်းရှင်များ က သုံးသပ်ပြောဆိုသည်။

" နိုင်ငံတိုင်းမှ Market တစ်ခုက ရှိကြတာ။ ကမ္ဘာ့ပေါ်မှ  London ၊  HongKong Exchange တို့ရှိပါတယ်။ သူကိုယ့်သူ အရောင်းအဝယ် လုပ်နေတဲ့ Exchange တစ်ခုတွေက ရှိနေတာပဲ အဲဒါကြောင့် အောင်မြင်မယ်လို့ထင်ပါတယ်။ အဓိက က မြန်မာနိုင်ငံကလူတွေက ငွေကြေးစျေးကွက်နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေက နည်းသေးတယ်။ ဒါပေမဲ့ ရွှေဗဟို စျေးကွက် နဲ့ဆိုရင် လူတိုင်းက နားလည်မှုလွယ်ကူ တယ်။ ပိုပြီးတော့ အောင်မြင်နိုင်ပါတယ်။ ယုံပါကြည့်ပါတယ် " ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ကလျာပြည့်ဝေသျှန် က မဇ္စျိမသတင်းဌာန ကိုပြောသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၏  (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး ကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Time City(Jewellery Mall) ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

"ရွှေဗဟိုစျေးကွက်က Stock Exchange လုပ်သလိုချက်ချင်းကြီး အောင်မြင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ တစ်ဆင့်ခြင်းသွားရပါတယ်။ အခုလက်ရှိ ရွှေဆိုင်တွေတောင် နှစ်ကြာလာမှ မိတ်များလာမှ တိုးတက်လာတာ ထိုနည်းတူစွာပဲ ရွှေဗဟိုစျေးကွက် က အခုချက်ချင်းအကောင်ထည်ဖော်လို့ ချက်ချင်းတော့အောင်မြင်မှတော့ မဟုတ်ပါဘူး ဒါကလည်း ဟောင်ကောင်စျေးကွက် လည်း ဆယ်နှစ်ကျော်လောက် ရင်းပြီးမှ ဖြစ်လာခဲ့ရတာကြောင့် အချိန်အတိုင်းအတာတစ်ခုတော့စောင့်ရမှပါ " ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးအုန်းမြိုင် က ပြောသည်။

အခမ်းအနားကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် နာယက ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ စီပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်း ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့ တက်ရောက်ခဲ့ကြသည်။

ပြည်တွင်း တွင် ပထမဆုံးအကြိမ်ဖြင့် လုပ်ငန်းအကောင်ထည်ဖော်ဆောင်မည့် ယင်း ရွှေဗဟိုစျေးကွက် (Gold Exchange) ကို ၂၀၁၉ ခုနှစ်အကုန် တွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ခဲ့သော်လည်း အများပိုင်ကုမ္ပဏီ များနှင့်ပတ်သက်သည့်အကြောင်းအရာ များ နှင့် လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်  အခြေအနေများကြောင့် လာမည့် ၂၀၂၁၊ ၂၀၂၂ ခုနှစ်လောက်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly