မျက်နှာဖုံးစွပ် တားမြစ်မိန့်ကို ဖီဆန်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေ မိုးထဲရေထဲ ချီတက်ဆန္ဒပြ

မျက်နှာဖုံးစွပ် တားမြစ်မိန့်ကို ဖီဆန်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေ မိုးထဲရေထဲ ချီတက်ဆန္ဒပြ

အောက်တိုဘာ ၆ ။     ။ ဟောင်ကောင်မှာ မျက်နှာဖုံးစွပ် တပ်ဆင်ဆန္ဒပြမှုကို အစိုးရက ပိတ်ပင်ကြောင်း တားမြစ်မိန့်ထုတ်လိုက်ပေမယ့် ဆန္ဒပြမှုတွေကတော့ ဆက်လက်ပြီး အရှိန်မြင့်ဖြစ်ပေါ်နေလျက် ရှိပါတယ်။

ယနေ့ အောက်တိုဘာ ၆ ရက်မှာလည်း  မြောက်မြားစွာသော ဟောင်ကောင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေဟာ အဆိုပါ မျက်နှာဖုံးစွပ် တားမြစ်မိန့်ကို  အံတုရင်း မိုးသည်းထန်နေတဲ့ကြားက မြို့တွင်းလမ်းတွေပေါ်မှာ စုရုံးချီတက်ခဲ့ကြပြန်ပါတယ်။

မျက်နှာဖုံးစွပ် တပ်ဆင်ဆန္ဒပြမှုတွေဟာ ဥပဒေနဲ့ မညီတော့ကြောင်း အစိုးရဘက်က အရေးပေါ်ဥပဒေ ပြဌာန်းလိုက်ပေမယ့် ယနေ့ ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသမားတွေဟာ မျက်နှာဖုံးတွေ အသီးသီး စွပ်ကာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေနဲ့ ဗရမ်းပတာ အခြေအနေတွေ ဆက်ဖြစ်ပေါ်နေတဲ့အတွက် အဓိက မြေအောက်မီးရထား ဘူတာရုံ ထက်ဝက်လောက်ကတော့ ဆက်လက် ပိတ်ထားရဆဲဖြစ်ပါတယ်။

ဒါဟာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်း အဆိုပြုရာကနေ စတင်ပေါ်ပေါက်ခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေကတော့ လများစွာချီ ကြာမြင့်နေပြီဖြစ်ပြီး ယင်းကာလတွေအတွင်း အပြန်အလှန်တိုက်ခိုက်အကြမ်းဖက်မှုတွေလည်း ပေါ်ပေါက်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly