အီရတ် ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူဦးရေ ၁၀၀ နီးပါး ရှိလာ

အီရတ် ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူဦးရေ ၁၀၀ နီးပါး ရှိလာ

အောက်တိုဘာ ၆ ။          ။ အီရတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့ပြီးနောက် ငါးရက်အတွင်းမှာပဲ သေဆုံးသူဦးရေဟာ ၁၀၀ နီးပါးအထိ ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူ အများစုကတော့ ဆန္ဒပြသမားတွေ ဖြစ်ကြပါတယ်။

ယင်းအတွက်ကြောင့် မိုက်မဲတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ ချက်ချင်း ရပ်ဆိုင်းဖို့ကိုလည်း အောက်တိုဘာ ၅ ရက်မှာ ကုလသမဂ္ဂက တိုက်တွန်းသွားခဲ့ပါတယ်။

ကနဦးပိုင်းကတော့ ဆန္ဒပြပွဲတွေအတွင်း အလုပ်အကိုင်ခန့်ထားရေးနဲ့ အစိုးရဝန်ဆောင်မှုစနစ်တွေ ပိုမို  ကောင်းမွန်စေရေးအတွက်  တောင်းဆိုခဲ့ကြရာကနေ လက်ရှိအစိုးရပြုတ်ကျရေးကိုပါ တောင်းဆိုလာနေကြလျက် ရှိပါတယ်။

မြို့တော် ဘဂ္ဂဒက်နဲ့ အနီးအနား ဧရိယာတွေ အပြင် နိုင်ငံတောင်ပိုင်းမှာပါ ဆန္ဒပြမှုတွေ ပြန့်နှံ့ဖြစ်ပေါ်နေလျက် ရှိသလို ယင်းအပေါ် ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေဘက်က ရုန်းကန်နေရပါတယ်။

ဘဂ္ဂဒက်အရှေ့ပိုင်း ကြီးမားတဲ့ လူထုချီတက်ပွဲတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းခဲ့ရာမှာ မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေ သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ ဒီ ငါးရက်အတွင်း  သေဆုံးမှု၊ ဒဏ်ရာရမှု သတင်းတွေ ကြားထားရပါတယ်၊ ဒါကို ချက်ချင်း ရပ်ကြရပါမယ်” လို့ အီရတ်ရှိ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ဟန်နစ် ပလက်ခစ်ချာအာ့တ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly