ဒူးဒဏ်ရာကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဒန်နီအင့်စ် ရာသီကုန်အထိ အနားယူရတော့မည်

ဒူးဒဏ်ရာကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဒန်နီအင့်စ် ရာသီကုန်အထိ အနားယူရတော့မည်

လီဗာပူးလ်၊ အောက်တိုဘာ ၁၆ ။          ။ လီဗာပူးလ်တိုက်စစ်မှူး ဒန်နီအင့်စ်သည် လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည် ဖြစ်သည်။ အင့်စ်သည် နည်းပြသစ် ဂျာဂင်ကလော့ပ်၏ ပထမဆုံးလေ့ကျင့်ရေး အစီအစဉ်တွင် အဆိုပါ ဒူးဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်အစတွင်မှ ဘန်လေအသင်းမှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာသည့် ဒန်နီအင့်စ်မှာ ၇ ပွဲ ပါဝင်ကစားထားပြီး သုံးဂိုးသွင်းယူပေးထားသည်။ အင့်စ်သည် အဲဗာတန်အသင်းနှင့် ကစားခဲ့သည့် မာဆေးဆိုက်ဒ်ဒါဘီပွဲတွင် အရေးပါသည့် သွင်းဂိုးတစ်ဂိုးကို သွင်းပေးခဲ့သူလည်း ဖြစ်သည်။

လီဗာပူးလ်အသင်း၏ လူငယ်နောက်ခံကစားသမားတစ်ဦးဖြစ်သည့် ဂျိုးဂိုမက်ဇ်သည်လည်း အင့်စ်ကဲ့သို့ပင် ဒူးဒဏ်ရာရရှိနေသည့်အတွက် ရာသီကုန်အထိပင် အနားယူရမည် ဖြစ်သည်။

ထို့ကြောင့် လီဗာပူးလ်နည်းပြသစ် ဂျာဂင်ကလော့ပ်အတွက် ထိုးနှက်ချက်များဖြစ်လာခဲ့သည်။ သို့သော် ကလော့ပ်က ၎င်း၏အသင်းတိုက်စစ်အတွက် စတူးရစ်ချ်နှင့် အိုရီဂီတို့နှစ်ဦးသာ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly