မြိတ်မြို့မီးပုံးစျေးကွက်အတွင်း လက်လုပ်ရောင်စုံပန်းခြင်းမီးပုံးများ အရောင်းသွက်

မြိတ်မြို့မီးပုံးစျေးကွက်အတွင်း လက်လုပ်ရောင်စုံပန်းခြင်းမီးပုံးများ အရောင်းသွက်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ ၄။      ။  မြိတ်မြို့ရှိ သီတင်းကျွတ်မီးပုံးစျေးကွက်တွင် စျေးနှုန်းကွာခြားမှုကြောင့် လက်လုပ်ရောင်စုံပန်းခြင်း မီးပုံးများ အရောင်းသွက် နေကြောင်းမီးပုံးပြုလုပ်သူများထံမှ သိရသည်။

“နှစ်စဉ် နှစ်တိုင်း မီးပုံးက လေးမျိုး ပြုလုပ်ပါတယ်။ ဒီထဲမှာမှ ပန်းခြင်းဆိုတဲ့ မီးပုံးက ပိုရောင်းရ ပါတယ်။ ဒီမီးပုံးက စျေးသက်သာတော့လူတိုင်း ဝယ်သုံးသလို နယ်တွေနဲ့ တောရွာတွေက အများဆုံး မှာယူကြတယ်”ဟု မြိတ်မြို့၊ ဇေယျာသီရိ ၄ ရပ်ကွက်တွင် လက်လုပ်မီးပုံးများ လုပ်ကိုင်နေသော ဦးကြီးမြင့်က ပြောသည်။

အဆိုပါ ရောင်စုံမီးပုံးများကို မြိတ်မြို့တွင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက ပြုလုပ်ရောင်းချခဲ့ပြီး၊ ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ဝင်ရောက်လာသည့် ရောင်စုံလျှပ်စစ်မီးပုံးနှင့်မီးသီးများကြောင့် ရောင်းအား ကျဆင်းခဲ့ကာ လက်လုပ် မီးပုံးများပြုလုပ် ဖန်တီးသူနည်းပါးလာကြောင်း မီးဗုံး ပြုလုပ်သူများထံမှ သိရ သည်။

“လက်လုပ် မီးဗုံးတွေက တောရွာနဲ့ ပင်လယ်ပိုင်း ရွာတွေက အများဆုံး ဝယ်ယူကြပါတယ်။ မြို့ပေါ် မှာက လျှပ်စစ်မီးရှိနေတော့ သိပ်မသုံးကြတော့ဘူး၊ တချို့ရွာတွေမှာက လျှပ်စစ်မီး မရှိတဲ့ နေရာတွေ ဖြစ်လို့ ပိုသုံးကြပါတယ်”လို့ အင်းလေးကမ်းရပ်ကွက်၊အိုးလုပ်ြပင် ရေဆင်းဆိပ်ရှိ ကုန်စုံဆိုင်မှဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြိတ်မြို့ရှိ မီးပုံးစျေးကွက်တွင် ပန်းခြင်းမီးပုံး တစ်လုံးလျှင်၂၅၀ ကျပ်၊တိုက်မီးပုံး တစ်လုံးလျှင် ၈၀၀ ကျပ်၊ ဘောလုံးမီးပုံးတစ်ခုလျှင် ၅၀၀ ကျပ်နှင့် ဆင်ခြေတုံး မီးပုံးတစ်ခုလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly