ဘရန်ဒန်ဗီရာကို ချုပ်ကွက်လုံးဝမသုံးဘဲ အနိုင်ယူမည်ဟု အောင်လဆို

ဘရန်ဒန်ဗီရာကို ချုပ်ကွက်လုံးဝမသုံးဘဲ အနိုင်ယူမည်ဟု အောင်လဆို

ရန်ကုန်၊ အောက်တိုဘာ ၄ ။       ။ ဂျပန်နိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဉ်တွင် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်သား ဘရန်ဒန် ဗီရာကို ချုပ်ကွက်လုံးဝမသုံးဘဲ အနိုင်ယူမည်ဟု အောင်လအန်ဆန်က မဇ္စျိမသတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။

"ဒီပွဲမှာ ချုပ်ကွက်မသုံးဘူး။ဒီပွဲမှာ ကျွန်တော် တိုက်ခိုက်သူအနေနဲ့ လက်သီး၊ခြေကန်ချက်တွေနဲ့ နိုင်အောင် ကစားသွားမှာပါ " ဟု မြန်မာ့စပါးအုံးမြွေဟုတင်စားခံရထားသည့် အောင်လအန်ဆန် က ပြောသည်။

၂၀၁၉ ခုနှစ်၊မတ်လ ၃၁ ရက်နေ့က တိုကျိုတွင်ပြုလုပ်ခဲ့သည့်ONE: A NEW ERA ပြိုင်ပွဲ၏ မစ်ဒယ် ဝိတ်တန်းကမ္ဘာ့ချန်ပီယံတွဲဆိုင်းတွင် စိန်ခေါ်သူဂျပန်အားကစားသမားKen Hasegawa ကို အောင်လ အန်ဆန်က ဒုတိယအချီမှာပင် ဒိုင်ပွဲရပ်အနိုင်ယူကာ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့သည်။ ထိုအချိန် မှာပင် အောင်လအန်ဆန်ကို UFC ပြိုင်ပွဲများယှဉ်ပြိုင်ဖူးသည့် Vera က ကြိုးဝိုင်းအတွင်းဝင်ရောက်ကာ တရားဝင် စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစိန်ခေါ်မှုကို အောင်လအန်ဆန်က ချက်ချင်းလက်ခံလိုက် သောကြောင့် ONE Championship သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး ဖြစ်လာ မည့် လိုက်ဟဲဗီးဝိတ်တန်းတွဲဆိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

 "အဓိက သူက ခွာပြီးတော့ ကစားချင်တယ်။ခွာပြီးကန်ချင်တယ်။ ခွာပြီးထိုးချင်တယ်။ အဲဒါကို ကျွန်တော်က အနီးကပ်သွားမယ်။ သူနားကပ်ပြီးတော့ ကစားမယ်။ သူရဲ့အဝေးက ကန်တဲ့ဟာကို ကာကွယ်ပြီးကစားမယ်။ နည်းဗျူဟာတော့ ရှိပါတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ အားသာချက် ၊ အားနည်းချက် နည်းနည်းတူညီတယ်။ ဒါပေမယ့် သူရဲ့ သက်လုံကောင်းလား မကောင်းလားတော့ မသိဘူး။ အဲဒီအတွက်လည်း သိပ်ဂရုမစိုက်ဘူး။ ကျွန်တော်ရဲ့ သက်လုံကတော့ ၁၀၀ ရာခိုင်နှုန်း ကောင်းတယ်" ဟုအောင်လအန်ဆန် က ဆက်လက် ပြောသည်။

အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့၌  ထိုးသတ်မည်ဖြစ်ပြီး ကြည့်ရှုသူပရိသတ်များအတွက် ငါးချီအတွင်း အပြီးသတ် ထိုးသတ်သွားကြည်မည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly