ဂျပန်-မြန်မာ အရင်းအမြစ်၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုပြပွဲ ပြုလုပ်မည်

ဂျပန်-မြန်မာ အရင်းအမြစ်၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုပြပွဲ ပြုလုပ်မည်

ရန်ကုန်။ ။ အောက်တိုဘာ ၃ ။       ။ ကုန်သွယ်၊ ရင်နှီးမြှုပ်နှံမှု နှင့် စီးပွားရေး အခွင့်အလမ်းများအတွက် အကျိုးရှိစေမည့် Japan-Myanmar Resource, Trade and Investment Expo 2019 ပြပွဲကို လာမည့် အာက်တိုဘာလ ၁၉ရက် နှင့် ၂၀ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ အင်းယားလိပ် ဟိုတယ်ဝင်းအတွင်း ရှိ Yangon Convention Center (YCC) တွင် နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းနှင့် ပက်သက်သည့် အကြိုသတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် အောက်တိုဘာလ ၃ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း(JETRO) တို့၏ ပံ့ပိုးမှုဖြင့် Synergy Focus International (SFI) က ဦးစီးကျင်းပခြင်းဖြစ်သည်။

"ရင်းနှီးမြှပ်နှံမှုဆိုတာ ကျွန်တော်တို့အနေနဲ့က ငွေကြေး ချည်းပဲမဟုတ်ဘူး။နည်ပညာ၊အသိပညာ ၊ဈေးကွက် ဒါမျိုးတွေရလာဖို့ မျှော်လင့်တယ်။ ငွေကြေးကတစ်ပိုင်းပေါ့၊ နှစ်နိုင်ငံလုပ်ငန်းရှင်အချင်းချင်း မိတ်ဆက်မယ်။ပူးပေါင်းလာကြမယ်။ အပြန်အလှန် ကုန်ပစ္စည်းရောင်းမယ်။ သူတို့အချင်းချင်း ချိတ်ဆက်မှုရအောင် ကျွန်တော်တို့က ပံ့ပိုးပေးတာပါ "Synergy Focus International (SFI) ၏CEO ဖြစ်သူ ဦးလင်းကျော်ထွန်းက ပြောသည်။

ယင်းပြပွဲတွင် ဂျပန်နှင့် မြန်မာနိုင်ငံမှ ကော်ပိုရေးရှင်းကြီးများ၊ကုမ္ပဏီကြီးများ၊ ခရီးသွား အေဂျင်စီများ  ၊ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများမှ ပြခန်းပေါင်း ၁၆၀ ကျော်ဖြင့် ပါဝင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး၊ပြပွဲမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly