ပြုပြင်ထားတဲ့ အသားတွေက ကျန်းမာရေးကို မထိခိုက်လို့ ဆို၍ ဝေဖန်မှုများ ဖြစ်ပွား

ပြုပြင်ထားတဲ့ အသားတွေက ကျန်းမာရေးကို မထိခိုက်လို့ ဆို၍ ဝေဖန်မှုများ ဖြစ်ပွား

ပြုပြင်ထားတဲ့ အသားတွေ စားသုံးခြင်းဟာ ကျန်းမာရေးကို ထိခိုက်မှု မရှိနိုင်လို့ သုတေသနသစ်တစ်ရပ်က ထုတ်ပြန်လာရာကနေ ပညာရှင်တွေကြား အငြင်းအခုံ ဖြစ်ပွားနေပါတယ်။

ပြုပြင်ထားတဲ့ အသားတွေ စားသုံးခြင်းဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ပြောဆိုတိုက်တွန်းနေတဲ့ ပညာရှင်တွေဟာ ကနေဒါ Dalhousie တက္ကသိုလ်က ပြုလုပ်တဲ့ အခု သုတေသန တွေ့ရှိချက်ကို လက်မခံဘဲ ဝေဖန်အပြစ်ဆိုကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကိုယ်တိုင် ပြုပြင်ထားတဲ့ အသားတွေဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပေမယ့် Dalhousie တက္ကသိုလ်က ပါမောက္ခ ဂျွန်စတန် ဦးဆောင်တဲ့ သုတေသနအဖွဲ့ကတော့ ပြုပြင်ထားတဲ့ အသားတွေဟာ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလို့ ဆိုလာတာ ဖြစ်ပါတယ်။

ကင်ဆာဘေး လျော့နည်းဖို့ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးခြင်း လျှော့ချရန် ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေက တိုက်တွန်းလျက် ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပါမောက္ခ ဂျွန်စတန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ နိုင်ငံတကာအဖွဲ့က ကျန်းမာရေးအတွက် ပြုပြင်ထားတဲ့ အသားတွေ စားသုံးတာကို လျှော့ချတာမျိုး လုပ်ဆောင်တာဟာ အရာမရောက်ဘူးလို့ ဆိုပါတယ်။

“သုတေသနပြုချက်ကို အခြေခံမယ်ဆိုရင် ပြုပြင်ထားတဲ့ အသားတွေဟာ ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်စေတဲ့ ဘေးရှိနေတယ်လို့ အပ်ချမတ်ချ မပြောနိုင်ပါဘူး။”လို့ ပါမောက္ခ ဂျွန်စတန်က ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly