ကြောက်ရွံ့ကင်း ကျား အမည်ဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ကို မန္တလေးတွင် ကျင်းပမည်

ကြောက်ရွံ့ကင်း ကျား အမည်ဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ကို မန္တလေးတွင် ကျင်းပမည်
(ဓာတ်ပုံ - အောင်ကိုဉီး/မဇ္ဈိမ)

အောက်တိုဘာလ ၂ ။              ။ ကြောက်ရွံ့ကင်း ကျား အမည်ဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ကို အောက်တိုဘာလ ၄ ရက်နေ့တွင် မန္တလေးမြို့ မန္တလာသီရိ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို WLC နှင့် GTG တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲစဉ် ၁ အဖြစ် သိန်းစိုး(ရာဇသိင်္ခ)နှင့်စိုးဝင်းသန်း(ရန်စစ်ငြိမ်း)၊ ပွဲစဉ် ၂ တွင် စောမင်းနိုင်(ရွှေဘားလား သထုံ)နှင့်စောကောင်းထက်(မြိုင်ကလေးဘိလပ်မြေစက်ရုံ)၊ ပွဲစဉ် ၃ တွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် အောက်ချင်းလေး (တောင်ဇလပ်) ၊ ပွဲစဉ် ၄ တွင် သွေးသစ်မောင်(မြန်မာ)နှင့် အိုမာအယ်လ်လိုရက်စ်(မော်ရိုကို) ၊ ပွဲစဉ် ၅ တွင် ယျှူးခလိန်းမင်း (မြန်မာ)နှင့် အေလိပိခ်ဒေး(ကမ္ဘောဒီးယား)၊ ပွဲစဉ် ၆ တွင် မိုက်ရိုင်း(မြန်မာ)နှင့် ငုယင်ထန်းထရန်း(ဗီယက်နမ်)၊ ပွဲစဉ် ၇ တွင် နီကိုလာဘာ့ခ်(မြန်မာ)နှင့် ဘီယန်ကာဘာလက်ဂျ်တီ(ဟန်ဂေရီ) ၊ ပွဲစဉ် ၈ တွင် သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ဘရုလက်(ဂျာမနီ)၊ ပွဲစဉ် ၉ တွင် ကျော်စွာဝင်း(ယူနိုက်တက်) နှင့် ပတ်ကျော်လင်းနိုင်(တိုက်ဂါး) ၊ ပွဲစဉ် ၁၀ တွင် လွမ်ချိုင်း(Adventure)နှင့် ထူးနေသူ (တောင်ကလေး)၊ ပွဲစဉ် ၁၁ ရဲသွေးနီ (တောင်ကလေး) နှင့် စောမင်းမင်း(ရွှေသထုံ)၊ ပွဲစဉ် ၁၂ သပြေညို (မြိုင်ကလေး ဘိလပ်မြေစက်ရုံ) နှင့် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)၊ ပွဲစဉ် ၁၃ တွင် ဖျံသွေး(ထူးမေတ္တာထူး) နှင့် ရွှေရာမာဉ်(ရာဇာဓိရာဇ်)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီက မန္တလေးမြို့ ၆၂ လမ်း စွယ်တော်ကားကြီးကွင်းနှင့် ကနောင်မင်းသားကြီးလမ်း တောင်ဘက် FUSO Showroomတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လက်မှတ်တစ်စောင်လျှင် တစ်သောင်း သုံးသောင်း ကျပ်တန်းနှင့် ငါးသောင်းကျပ်တန်း တို့ဖြင့် www.majorticket.com.mmတို့မှလည်း ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required