ချစ်သူဖြစ်သူ ဘော့စ်ဘောကစားသမားနဲ့ လမ်းခွဲလိုက်တဲ့ ယူရီ

ချစ်သူဖြစ်သူ ဘော့စ်ဘောကစားသမားနဲ့ လမ်းခွဲလိုက်တဲ့ ယူရီ

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် ယူရီနှင့် ၎င်း၏ ချစ်သူ ဘော့စ်ဘောကစားသမား အိုဆောင်ဟွန်းတို့သည် မကြာသေးမီက လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အိုဆောင်ဟွန်းနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားသည်။

အိုဆောင်ဟွန်းနှင့် ယူရီတို့ လမ်းခွဲရခြင်း အဓိက အကြောင်းအရင်းသည် တစ်ယောက်တစ်နေ ရာစီတွင် နေထိုင်နေရပြီး နှစ်ဦးသားမှာ အနေဝေးခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အိုဆောင်ဟွန်းသည် Hanshin Tigers အဖွဲ့မှ ဘော့စ်ဘောကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိ ရာသီတွင် ဂျပန်နိုင်ငံတွင် နေထိုင်နေရပြီး ယူရီသည်လည်း တေးသီချင်း အယ်လ်ဘမ်သစ် နှင့်ပုဂ္ဂိုလ် ရေးရာ ကိစ္စများအတွက် အလုပ်များလျက် ရှိခြင်းကြောင့် ၎င်းတို့နှစ်ဦးမှာ တွေ့ဆုံရန် အချိန် မပေးနိုင် ကြပေ။

အိုဆောင်ဟွန်းကို ၁၉၈၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ကိုရီးယားနိုင်ငံတွင် ဘော့စ်ဘော အတော်ဆုံး ကစားသမားမျာအနက် တစ်ဦးအပါအဝင်ဖြစ်ရာ လာမည့်ရာသီတွင် အမေရိကန် ဘော့စ်ဘော အဖွဲ့ချုပ်တွင် သွားရောက်ကစားရန် စဉ်းစားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly